ကာတာနဲ့ခြေစမ်းပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာပါ။

နှစ်သင်းစလုံးရဲ့ ဆရာဝန်တွေက နေမာရဲ့ ဒဏ်ရာကို ခွဲစိတ်စရာမလိုဘူးလို့ ထုတ်ဖော်ပြောလာခဲ့ပြီး ၄ပတ်အကြာ အနားယူရမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီတစ်ပတ်တည်းမှာ ကစားခဲ့တဲ့ ကာတာအသင်းနဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီး တိုက်စစ်မှူး နေမာအနေနဲ့ ကိုပါအမေရိကပွဲစဉ်ကို လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။



လက်ရှိမှာ နေမာအနေနဲ့ အဆိုပါ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၄ ပတ်ခန့် အနားယူရမယ်လို့ မိခင် ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက တရားဝင် ထုတ်ပြန်ခဲ့တဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

“နိုင်ငံနဲ့ ကလပ်အသင်းနှစ်သင်းစလုံးရဲ့ ဆရာဝန်တွေဆီက ထွက်ဆိုချက်အရ နေမာရဲ့ ခြေကျင်းဝတ်ဒဏ်ရာက ခွဲစိတ်စရာ မလိုပေမယ့် ၄ ပတ်လောက်နားရမယ်လို့ သိရပါတယ်။” လို့ ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန် လာတာပါ။

နေမာအနေနဲ့ လတ်တလောမှာလည်း ပြင်သစ်မှာ အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့လက မုဒိန်းကျင့်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရနေသူပါ။

ဒီအပေါ်မှာတောာ့ နေမာက ပြန်လည်ငြင်းဆိုထားပြီး ဆာအိုပေါ်လို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

နေမာ ကိုပါအမေရိက လွဲချော်ခဲ့လို့ သူ့နေရာမှာ ဘရာဇီး နည်းပြ တီထီက ချဲလ်ဆီး တောင်ပံ ကစားသမား ဝီလီ ယံနဲ့ အစားထိုးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က