ပီအက်စ်ဂျီက ကစားသမား ၂ ဦးကို တောင်းဆိုခဲ့တာပါ။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ နေမာရဲ့အပြောင်းအရွှေ့မှာ ကစားသမား ၂ ဦးကို အလိုက်အဖြစ် ထည့်သွင်းဖို့ သဘောတူူညီခဲ့ပြီး နူးကမ့်ကို နေမာပြန်သွားဖို့အတွက် နီးစပ်လာပြီလို့ Express က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နူးကမ့်ကနေ နေမာထွက်သွားပြီး ၂ နှစ်အကြာမှာပဲ ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပြီး ယမန်နေ့က ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ နေမာရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ပြင်သစ်ကို ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။



ပီအက်စ်ဂျီအသင်းဟာ နေမာအတွက် ငွေသားအပြင် ကစားသမားတစ်ဦးပါ အလိုက်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး ဘာစီလိုနာအသင်းက ကန့်သတ်ထားတဲ့ငွေကြေးပမာဏထက် မကျော်လွန်အောင် ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းအတွက် ပေါင် ၁၀၈ သန်းသုံးစွဲခဲ့ပြီးနောက် နေမာကို နောက်တစ်နှစ်မှ ဝယ်ယူနိုင်တော့မှာဖြစ်တာကြောင့် တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ယမန်နေ့က နှစ်ဖက်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးအပြီးမှာတော့ နေမာရဲ့အပြောင်းအရွှေ့အတွက် ကစားသမားအလဲအထပ်လုပ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

SPORT ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းက တောင်းဆိုမှုပြုလုပ်ခဲ့ပြီးနောက် ကော်တင်ဟိုနဲ့ ရာကီတစ်တို့ကို အလိုက်ပေးတော့မယ့်ပုံပေါ်လာပြီဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ရာကီတစ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ရီးရဲမက်ဒရစ်အသင်းက နေမာကို စိတ်ဝင်စားလာခဲ့ပြီးနောက် နေမာကို ခေါ်ယူဖို့အတွက် ရာကီတစ်နဲ့ ကော်တင်ဟိုတို့ကို စတေးသွားတော့မယ်လို့ ယုံကြည်ရပါတယ်။

Share

Loading Next Article...
က္က