ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူပါ။

ရီးရဲမက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ဘာစီလိုနာအသင်းထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့အတွက် မယုံနိုင်ဖွယ် လစာပမာဏနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ Sportskeeda ရဲ့သတင်းအရ သိရပါတယ်။



အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ သေချာသလောက်နီးပါးရှိနေပြီး ရီးရဲမက်ဒရစ်ရဲ့လာလီဂါပြိုင်ဘက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။



ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားချိန်မှာတော့ နေမာရဲ့အပြောင်းအရွှေ့သတင်းဟာ အပြောင်းအရွှေ့ဈေးကွက်ကို စိုးမိုးနေပြီဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက နေမာကို တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀ နဲ့ ၅ နှစ်စာချုပ် ကမ်းလှမ်းသွားလိုတဲ့ဆန္ဒရှိနေတယ်လို့ SPORT ရဲ့သတင်းအရ သိရပါတယ်။

Marca ရဲ့သတင်းအရ နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်ဆိုရင် အပြောင်းရွှေ့ချင်ဆုံးနေရာအဖြစ် ရီးရဲမက်ဒရစ်အသင်းကို ရှုမြင်ထားကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက နေမာရဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိဘဲ ကစားသမား ၃ ဦးအထိ အလဲအထပ်ပြုလုပ်ပြီး ခေါ်ယူဖို့သာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။



ရီးရဲမက်ဒရစ်အသင်းကတော့ ယခုအပတ်အစောပိုင်းမှာ နေမာအတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၁၁၀ အပြင် ဘလွန်းဒီအော်ဆုရှင် မိုဒရစ်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က