ကွင်းအတွင်းမှာ ဝိုင်းဝန်းဆဲဆိုမှုကို သံပြိုင်ဟစ်ခဲ့ကြတာပါ။
Pyae Phyo Thein

ပီအက်စ်ဂျီအသင်းပရိသတ်အများအပြားက နေမာကို " Neymar, son of a b*****" လို့ သံပြိုင်ဆဲဆိုခဲ့ကြပြီး အသင်းကထွက်ခွာသွားဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးနေမာဟာ မနေ့ညက ကစားခဲ့တဲ့ နီမက်စ်အသင်းနဲ့ပွဲစဉ်မှာ အသင်းပရိသတ်တွေရဲ့ ဆဲရေးတိုင်းထွာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းပရိသတ်အများအပြားက နေမာကို " Neymar, son of a b*****" လို့ သံပြိုင်ဆဲဆိုခဲ့ကြပြီး အသင်းကထွက်ခွာသွားဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။



အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ အဆိုပါပွဲကိုလည်း ပါဝင်ကစားခဲ့ရခြင်းမရှိပဲ အရန်ခုံတန်းမှာသာရှိနေခဲ့ပါတယ်။ ကာဗာနီ၊ ဘတ်ပီ၊ ဒီမာရီယာတို့ရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီက ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်လည်း နေမာအတွက်တော့ ပရိသတ်တွေရဲ့ အခုလိုဆဲဆိုမှုကိုခံခဲ့ရတာမို့ အသင်းကနေ ထွက်ခွာဖို့က ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီပရိသတ်တွေဟာ Neymar F*** Off လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရေးသားထားတဲ့ Banners တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ အသင်းပရိသတ်တွေရဲ့ အခုလိုမျိုး ဆဲဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီကွင်းလယ်ကစားသမား ဗာရက်တီက L'Equipe သတင်းဌာနနဲ့ တွေ့ဆုံခဲ့မှုမှာ အခုလိုပဲပြောသွားခဲ့ပါတယ်။

"ဒါတွေကို ကျွန်တော် နားမထောင်ခဲ့ပါဘူး၊ ပရိသတ်တွေကတော့ သူတို့ထင်မြင်တာတွေကို ပြောဆိုနိုင်ပါတယ်၊ ကျွန်တော်တို့နဲ့ နေမာက နီးနီးကပ်ကပ်ရှိနေခဲ့ာကပါတယ်၊ သူက ပဲရစ်အတွက် အများကြီးပေးဆပ်ခဲ့တဲ့ ကစားသမားပါ၊ ပြီးခဲ့တဲ့ရာသီမှာ သူက အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်"

"မကြာခင် သူပြန်ကစားမှာပါ၊ သူက မယုံကြည်နိုင်စရာကစားသမားဖြစ်ပြီး လူတိုင်းကို အံ့အားသင့်စေသူပါ၊ သူ အသင်းမှာဆက်နေမှာလား၊ ထွက်ခွာသွားမှာလားဆိုတာက အသင်းနဲ့သူနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စပါ၊ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်" လို့ ဗာရက်တီက ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က