ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းဖော်ဟောင်း နေမာကို ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ဖုန်းနဲ့ဆက်သွယ်ပြီး တောင်းဆိုခဲ့တယ်လို့ သိရပြီး ဘာစီလိုနာကို ပြန်လာဖို့ တွန်းအားပေးခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

နေမာဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်မီမှာ ပီအက်စ်ဂျီအသင်းကနေ စွန့်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြသထားသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာကို ယခုနွေရာသီမှာ ထွက်ခွာခွင့်ပြုထားတာဖြစ်ပါတယ်။



ဘာစီလိုနာထိပ်ပိုင်းတာဝန်ရှိသူတွေဟာ နေမာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယနေ့မှာ ပီအက်စ်ဂျီအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး နေမာအတွက် ကမ်းလှမ်းမှုမှာ ကော်တင်ဟိုကို တစ်စိတ်တပိုင်း ထည့်သွင်းကမ်းလှမ်းသွားလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာရဲ့အမာခံပရိသတ်ဖြစ်ပြီး အရင်ကလည်း နေမာကို အကြိမ်ပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့နောက် ဥက္ကဌပီးရက်ဇ်က နောက်ထပ်ကြီးမားတဲ့ကစားသမားခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ဖုန်းခေါ်ပြီး ရီးရဲမက်ဒရစ်အသင်းကို မပြောင်းရွှေ့ဖို့ အကြံပေးခဲ့တယ်လို့ သိရပြီး နူးကမ့်ပြန်လာဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ နားလည်ရပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းမှာ လီယွန်နယ်မက်ဆီနဲ့ ၄ ရာသီကြာ လက်တွဲကစားခဲ့သူဖြစ်ပြီး လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားတွေကို အတူတူကိုင်မြှောက်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က