ခြေချင်းဝတ်ဒဏ်ရာကြောင့် ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်ခဲ့သူပါ။

ဘရာဇီးလ်လက်ရွေးစင်နည်းပြ တိုက်ဟာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ၎င်းပျော်ရွှင်တဲ့အသင်းကို ပြောင်းရွှေ့ကစားဖို့ ပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ နူးကမ့်ကနေ ပီအက်စ်ဂျီကို ထွက်ခွာခဲ့ပြီးနောက် ၂ နှစ်အကြာမှာ ဘာစီလိုနာအသင်းကို ပြန်သွားချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ Globo Esporte ရဲ့သတင်းအရ ဘာစီလိုနာအသင်းဟာ နေမာကို ပြန်ခေါ်ချင်ရင် ပီအက်စ်ဂျီအသင်းကို ယူရိုသန်း ၁၀၀ နဲ့ ကစားသမားအနည်းငယ်ပေးရမယ်လို့ သိရပါတယ်။



ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်ခဲ့ပြီဖြစ်တဲ့ နေမာကို ဘရာဇီးလ်လက်ရွေးစင်နည်းပြ တိုက်က နေမာအနေနဲ့ ၎င်းအပျော်ဆုံးဖြစ်နိုင်မယ်လို့ ခံစားရတဲ့အသင်းကို သွားဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော်ဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ယောက်လိုမျိုး၊ သက်ရှိလူသားတစ်ယောက်လိုမျိုး၊ မိသားစုလိုမျိုး ကျွန်တော်ပျော်ရွှင်တယ်လို့ ခံစားရတဲ့အသင်းကို သွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက ပိုမိုကောင်းမွန်မှာမို့လို့ပါ”

“အဲဒါက အရမ်းထူးခြားတဲ့အခြေအနေပါ။ အဲဒါက ပရော်ဖက်ရှင်နယ်ကစားသမားဘဝပြဿနာတစ်ခုပါ။ အဲဒီကိစ္စကို ခင်ဗျား ကောင်းမွန်တယ်၊ ပျော်ရွှင်တယ်လို့ ခံစားရတဲ့နေရာမှာပဲ ဖြေရှင်းနိုင်မှာပါ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နေမာမပါဝင်တဲ့ ဘရာဇီးလ်အသင်းဟာ အုပ်စု A အဖွင့်ပွဲစဉ်မှာ ဘိုလစ်ဗီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ယနေ့မှာ ဆာဗေးဒေါနိုင်ငံမှာ ဗင်နီဇွဲလားအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က