နူးကမ့်ကို ပြန်လာဖို့ သတင်းတွေထွက်နေသူပါ။
Kg Htet

ဘာစီလိုနာနည်းပြဗယ်ဗာဒီဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် နေမာနဲ့ပတ်သက်တဲ့ သတင်းတွေကို အရေးမကြီးဟန်နဲ့ ပြောကြားသွားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

နေမာဟာ ယခုနွေရာသီမှာ နူးကမ့်ကို ပြန်သွားဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူဖြစ်ပေမယ့် ယမန်နေ့က သတင်းတွေက ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့်ကို ရီးရဲမက်ဒရစ်အသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။



ဒါပေမယ့် ဘာစီလိုနာနည်းပြဗယ်ဗာဒီက နေမာနဲ့ပတ်သက်ပြီး ပြောကြားနေကြတဲ့ ကောလာဟလသတင်းတွေကို မှတ်ချက်ပေးဖို့ ငြင်းပယ်ခဲ့ပြီး နေမာနဲ့ ဘာဆက်ဖြစ်လာမလဲဆိုတာ မသေချာကြောင်း ပြောကြားသွားခဲ့ပါတယ်။

“အခု မက်ဒရစ်နဲ့သတင်းတွေထွက်နေပါတယ်။ မနက်ဖြန်မှာ ဘာတွေဖြစ်ပျက်မလဲဆိုတာ ကျွန်တော်တို့ မြင်ရမှာပါ”

“လွန်ခဲ့တဲ့ ၂ နှစ်က သူ ဒီမှာရှိနေခဲ့ပြီး ဂျာနယ်လစ်တွေများစွာဆီက မေးခွန်းကို ကျွန်တော် ဖြေခဲ့ရပါတယ်။ အခု သူ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ထပ်မေးကြပြန်ပါပြီ”

“တခြားအသင်းမှာ ရှိနေတဲ့ကစားသမားအကြောင်းကို ကျွန်တော်တို့ ပြောစရာ ဘာမှမရှိပါဘူး”လို့ နာပိုလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ပြီး ၂ နှစ်အကြာမှာ ပြင်သစ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ၅၈ ပွဲမှာ ၅၁ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


Author


က္က