ကိုလံဘီယာကို (၂-ဝ)နဲ့ အရေးနိမ့်အပြီး ပြောခဲ့တာပါ။

ကိုလံဘီယာအသင်းကို အရေးနိမ့်အပြီးမှာ အာဂျင်တီးနားအသင်းရဲ့ ကြယ်ပွင့်ကစားသမား မက်ဆီက အသင်းအနေနဲ့ စောဒကတက်ရမယ့် အချိန်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။


ကိုလံဘီယာအသင်းကို အရေးနိမ့်အပြီးမှာ အာဂျင်တီးနားအသင်းရဲ့ ကြယ်ပွင့်ကစားသမား မက်ဆီက အသင်းအနေနဲ့ စောဒကတက်ရမယ့် အချိန်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားဟာ အဖွင့်ပွဲမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပြီးတော့ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဆွတ်ခူးနိုင်ပါ့မလားဆိုတဲ့ ပရိသတ်တွေရဲ့ သံသယကို ပိုမိုကြိးထွားလာစေခဲ့ပါတယ်။



မာတီနက်ဇ်၊ ဇာပါတာတို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အာဂျင်တီးနားအသင်း အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ပထမပိုင်းမှာ ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးထိချက်တစ်ကြိမ်တည်းသာ ရှိခဲ့ပြီး မက်ဆီနဲ့ အဂူရိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ဟာလည်း ဘောလုံးပေးဖို့မှု တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

"ဒီရှုံးပွဲကနေ အကောင်းမြင်တတ်ဖို့ လိုပါတယ်၊ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို လက်ခံသွားရမှာပါ၊ ဒီအချိန်က စောဒကတက်နေရမယ့် အချိန်မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ ကြိုးစားရမှာဖြစ်ပြီး ကျွန်တော်တို့ခေါင်းကိုမော့ပြီး ဆက်ကစားသွားရမှာပါ၊ ဒီပြိုင်ပွဲမှာ အခွင့်အရေးတွေ အများကြီးရှိနေပါသေးတယ်"

"သူတို့က ဘောလုံးကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးကောင်းတွေကိုတော့ သူတို့ မဖန်တီးနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုက်စစ်ဖွင့်ဆော့ချိန်မှာ သူတို့ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ အကောင်းဆုံးပုံစံနဲ့ ကျွန်တော်တို့ ကစားနိုင်ခဲ့ပေမယ့်လည်း သူတို့က ကောင်းမွန်တဲ့သွင်းဂိုးတစ်ဂိုးရရှိသွားခဲ့ပြီး အဲဒီအတွက် ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါတယ်" လို့ မက်ဆီက ပွဲအပြီးမှာ ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

အာ၈ျင်တီးနားဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအဖွင့်ပွဲမှာ (၃)ကြိမ်မြောက်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ အုပ်စုဒုတိယပွဲအဖြစ် ပါရာဂွေးနဲ့ ဇွန်လ (၁၉)ရက်နေ့မှာ ထပ်မံကစားရမှာဖြစ်ပြီး မက်ဆီက လာမယ့်ပွဲတွေအတွက် ကိုလံဘီယာနဲ့ပွဲက အမှားတွေကို သင်ခန်းစာယူပြီးကြိုးစားကစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က