တစ်နှစ်လုပ်ခ ယူရို ၃.၆ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ရိုးမားအသင်းရဲ့နောက်ခံကစားသမား မာနိုလတ်စ်ဟာ ယခုနွေရာသီမှာ နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ နေပယ်လ်မှာ အိမ်ဝယ်ယူဖို့ လိုက်လံရှာဖွေနေတယ်လို့ Calciomercato ရဲ့သတင်းအရ သိရပါတယ်။

မာနိုလတ်စ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ စီးရီးအေရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဥရောပတလွှားက အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ၊ မန်ယူနိုက်တက်၊ ရီးရဲမက်ဒရစ်တို့ကလည်း မာနိုလတ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။



Corriere dello Sport ရဲ့ ဖော်ပြချက်အရ မာနိုလတ်စ်ဟာ ၎င်းရဲ့ယုံကြည်ရတဲ့ မိတ်ဆွေတစ်ဦးနဲ့အတူ နေပယ်လ်မြို့အတွင်းမှာ အိမ်ဝယ်ယူဖို့ လိုက်လံ ရှာဖွေခဲ့ကြတယ်လို့ သိရပြီး မာနိုလတ်စ်ဟာ နာပိုလီအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးပြီလို့ သိရပါတယ်။

ဒါပေမယ့် နာပိုလီအသင်းက ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့အပြီးသတ်သဘောတူညီမှု မရရှိသေးတာဖြစ်ပြီး ရိုးမားအသင်းက မာနိုလတ်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၆ သန်းကို ပေးချေစေလိုနေတာ ဖြစ်ပါတယ်။

မာနိုလတ်စ်ဟာ နာပိုလီအသင်းနဲ့ တစ်နှစ်လုပ်ခ ယူရို ၃.၆ သန်းဝန်းကျင်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာဖြစ်ပြီး မာနိုလတ်စ်ရဲ့အပြောင်းအရွှေ့မှာ ဒီရာဝါရာကလည်း တစ်စိတ်တပိုင်း ပါဝင်နေတယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား အမာဒူဒီရာဝါရာအတွက် ယူရိုသန်း ၂၀ လိုချင်ပေမယ့် ရိုးမားအသင်းက ယူရို ၁၂ သန်းထက် ပိုပြီး ကမ်းလှမ်းသွားလိုတဲ့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က