ဆီမီးဖိုင်နယ်မှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူခဲ့တာပါ။

နေးရှင်းလိဂ် ဗိုလ်လုပွဲစဉ်ကိုတော့ ဒီကနေ့ည(မြန်မာစံတော်ချိန် တနင်္လာနံနက် ၁နာရီခွဲ)မှာ ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။

နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းဖက်ကို ဟက်ထရစ်သွင်းယူပြီး ပေါ်တူဂီအသင်းကို ဗိုလ်လု ပွဲ ပို့ဆောင်ပေးခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုက လာမယ့် ဗိုလ်လုပွဲမှာ ဟက်ထရစ်ထက်ပိုကောင်းတာတွေ လာဖို့ ရှိတယ်လို့ ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Daily Mail ကဖော်ပြလာ ပါတယ်။



အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် ကမ္ဘာပေါ်က အားကစားလောကအတွင်း လှုပ်ခတ် မှုများဖြစ်ပေါ်ခဲ့ပြီး ဒီအသက်အရွယ်နဲ့ ဒီလို စွမ်းဆောင်နိုင်နေမှုကို ချီးကျူးမှုတွေ ဆက်တိုက် ထွက်ပေါ် လာခဲ့ ပါတယ်။

“ အသက် ၃၄ နှစ် အရွယ်ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ အရမ်းကို ခံစားမှု ကောင်းမွန်နေတုန်းပါပဲ၊ ကျွန်တော့် အလုပ်ကတော့ အမြဲတမ်း လေ့ကျင့်နေမှုပါပဲ။ အရေးအကြီးဆုံး အပိုင်းက တော့ ခေါင်းသုံးဖို့ပါပဲ။ စိတ်ဓာတ်မြင့်မြင့်မားမားနေ၊ပျော်ရွှင်အောင်နေဖို့ပါပဲ။” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ နိုင်ငံအသင်းအတွက် ၈၅ ဂိုးအထိသွင်းယူပေးထားနိုင်ပြီ ဖြစ်သလို ကစားသမားဘဝမှာ လည်း ဟက်ထရစ် ၅၃ ကြိမ်အထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံအသင်းအတွက်ဆိုရင်တော့ ဟက်ထရစ်သွင်းယူပေးနိုင်တာ ၇ ကြိမ် ရှိခဲ့ပြီ ဖြစ်ပြီး မက်ဆီထက် တစ်ကြိမ် ပို များနေ ပါတယ်။

ရော်နယ်ဒို ဟက်ထရစ်သွင်းယူခဲ့တဲ့ နိုင်ငံတွေကတော့ မြောက်အိုင်ယာလန်၊ဆွီဒင်၊ အာမေးနီးယား၊ဖာရိုးကျွန်းစု၊စပိန် နဲ့ ဆွစ်ဇာလန်အသင်းတို့ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်နဲ့ လက်ရှိ ကစားနေတဲ့ ကစားသမားတွေအားလုံးထဲမှာလည်း ဂိုးအများဆုံး သွင်းယူထားနိုင်သူ  အဖြစ် ရပ်တည်နေနိုင်သလို အနီးကပ်ဆုံး ပြိုင်ဖက် မက်ဆီထက်လည်း ဟက်ထရစ် ၂ ကြိမ် ပိုမို သွင်းယူထားနိုင်တာ  ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က