နောက်ထပ် အဓိက ကစားသမားတွေလည်း ဒဏ်ရာရနေပါတယ်။
Kyaw Ko Ko Sint

၃ ပတ်လောက် လွဲချော်မယိလု့ိ သိရပြီး ရက်အတိအကျကိုတော့ ရီးရဲမက်ဒရစ်အသင်းက ထုတ်ပြန်ပေး နိုင်ခြင်းမရှိသေးပါဘူး။

Photo - TheWorldNews



ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုနီခရူးစ်ကတော့ ပေါင်ခြံဒဏ်ရာကြောင့် ရှေ့လာမယ့် ပွဲစဉ်အချို့ကို လွဲချော်တော့မယ်လို့ ရီးရဲမက်ဒရစ်အသင်းက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဆိုစီဒက်ကို ၂-၀ နဲ့ ရှုံးခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ပွဲချိန် မိနစ် ၈၀ မှာလူစားလဲခဲ့ရပြီးရီးရဲ အသင်း လည်း ရလဒ်ဆိုးတွေနဲ့အတူ အဆင့် ၅ မှာရပ်တည်နေရပါတယ်။

အနည်းဆုံး ၃ ပတ်လောက်တော့ နားရဖို့ ရှိမယ်လို့ သိရပြီး အတိအကျကိုတော့ရီးရဲမက်ဒရစ်အသင်း ထုတ် ပြန်ပေးနိုင်ခြင်းမရှိသေးပါဘူးလို့ မက်ဒရစ်အခြေစိုက် AS သတင်းဌာနက ထုတ်ပြန်လာပါတယ်။

ဒါကြောင့် ဂျာမနီ လက်ရွေးစင်အနေနဲ့ လီဂါးနက်စ်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး နှစ်ကျော့စလုံးကို လွဲချော်ဖို့ များနေသလို ဘက်တစ် ၊ ဆီဗီလာတို့နဲ့ လိဂ်ပွဲကိုလည်း လွဲချော်ရဖို့ ရှိနေပါတယ်။

အဲ့နောက် ဇန်နဝါရီလ နှောင်းပိုင်းလောက်မှာ အက်စ်ပန်ညို၊အလာဗက်စ်တို့နဲ့ ဆက်လက်ကစားရဖို့ ရှိနေပြီး ဖေဖော်ဝါရီလ အစမှာတော့ မက်ဒရစ်ဒါဘီပွဲအဖြစ် အက်သလက်တီကိုနဲ့ ကစားရပါမယ်။ လက်ရှိမှာတော့ ခရူးစ်အပြင် ရီးရဲမက်ဒရစ်အသင်းမှာ ဂါရတ်ဘေးလ်၊မာရီရာနို၊အဆန်စရီုနဲ့ လော်ရန်တေး တို့ ဒဏ်ရာကိုယ်စီရနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က