ရာသီကုန်တိုင်းမှာ အသင်းကနေ ထွက်ခွာခွင့်ရရှိထားသူပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ၎င်းရဲ့ကစားသမားဘဝနေဝင်ချိန်မှာ မိခင်ကလပ်အသင်းဖြစ်တဲ့ နီဝဲလ်အိုးဘွိုင်းအသင်းကို ကိုယ်စားပြုကစားပေးချင်တဲ့ဆန္ဒကို ထပ်မံ ပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ကျော်ကြားတဲ့ လာမာစီယာလူငယ်အကယ်ဒမီကို ဖိတ်ခေါ်ခြင်းမခံရမီမှာ နီဝဲလ်အိုးဘွိုင်းအသင်းမှာ ကစားခဲ့သူဖြစ်ပြီး နူးကမ့်မှာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သက်သေပြသနေသူဖြစ်ပါတယ်။


အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ ရာသီကုန်တိုင်းမှာ ပြည်ပအသင်းကို ပြောင်းရွှေ့ဖို့အတွက် အသင်းကနေ ထွက်ခွာခွင့်ရရှိထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ထိပ်တန်းစွမ်းဆောင်ရည်ကြောင့် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တနင်္လာနေ့ညမှာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဖီဖာရဲ့ဆုပေးပွဲအပြီးမှာ ၎င်းရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ နီဝဲလ်အိုးဘွိုင်းအသင်းအတွက် ကစားပေးချင်တဲ့ဆန္ဒရှိကြောင်း နောက်ထပ်တစ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။


မက်ဆီက ၎င်းရဲ့မိသားစုဆီက ခွင့်ပြုချက်ရမှသာ ဆုံးဖြတ်ချက် ချမှတ်သွားမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ဒါ ကျွန်တော် အမြဲပြောခဲ့တဲ့ကိစ္စပဲလေ။ ကျွန်တော့် အစီအစဉ်ကို မပြောင်းရဘူးလား”

“နီဝဲလ်အသင်းဝတ်စုံနဲ့ ကစားဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်ပါ။ အဲဒါကို ကျွန်တော် ဖြစ်အောင် လုပ်နိုင်မလားဆိုတာကတော့ မသိပါဘူး။ အဲဒီဆုံးဖြတ်ချက်က ကျွန်တော်တစ်ယောက်တည်း ချလို့မရပါဘူး။ ကျွန်တော် ကလေး ၃ ယောက်တောင် ရခဲ့ပြီးပါပြီ”လို့ ပြောကြားခဲ့ပါတယ်။



က္က