တံခါးအမြဲဖွင့်ထားတယ်လို့ ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာလိုမျိုး ကစားသမားကို ရီးရဲမက်ဒရစ်က အမြဲတမ်းတံခါးဖွင့်ထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ယခုနွေရာသီတလျှောက်လုံး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းရဲ့ အပြောင်းအရွှေ့စာရင်းထဲမှာ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာအတွက် မန်ချက်စတာယူနိုက်တက်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ ကို ရီးရဲမက်ဒရစ်အသင်းက ပေးချေနိုင်ခြင်းမရှိတာကြောင့် အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေသူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အီဒင်ဟာဇက်၊ လူကာဂျိုဗစ်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တာကြောင့် အပြောင်းအရွှေ့စရိတ်အများအပြားသုံးစွဲထားခဲ့ရတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာကို ဘာနေဗျူးကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ပေါ့ဂ်ဘာကို အနာဂတ်မှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရီးရဲမက်ဒရစ်က သူ့လိိုမျိုး ကစားသမားကောင်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

“ကျွန်တော့်အတွက်ကတော့ ပေါ့ဂ်ဘာက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူက ကွဲပြားခြားနားပြီး သူ့ရဲ့တန်ဖိုးကို ဂျူဗင်တပ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ပြသခဲ့ပြီးပါပြီ”

“သူက အသင်းကို ဟန်ချက်ညီအောင် ပြုလုပ်ပေးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ တိုက်စစ်ကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်းရှိပြီး အံ့အားသင့်ဖွယ် ကိုယ်ကာယမျိုးလည်း ရှိတဲ့သူပါ”လို့ Express Sport ကို ပြောကြားခဲ့ပါတယ်။



က္က