သတိထားထိန်းချုပ်သွားဖို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
Pyae Phyo Thein

မန်ချက်စတာကို ထွက်ခွာလာခဲ့တဲ့ ဘာစီလိုနာအသင်းလူစာရင်းမှာတော့ ဒဏ်ရာကနေ အကင်းမသေသေးတဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီလည်း ပါဝင်လာခဲ့တယ်လို့ ဆက်စပ်သတင်းများအရ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဖိလစ်ပီကော်တင်ဟိုက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဘာစီလိုနာကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ပေါ့ဂ်ဘာကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးကြီးတယ်လို့လည်း ပွဲမတိုင်ခင်မှာ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့ကို အဝေးကွင်းပွဲအဖြစ်နဲ့ အိုးထရက်ဖို့ဒ်မှာ လာရာက်ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ယူနိုက်တက်ကို ကျော်ဖြတ်နိုင်မယ်လို့ ပိုမိုရေပန်းစားနေခဲ့ပေမယ့်လည်း ကော်တင်ဟိုက ပြိုင်ဘက်အသင်းကို လျှော့မတွက်ထားပဲ သတိကြီးကြီးထားကစားသွားဖို့လည်း အသင်းဖော်တွေကို သတိပေးသွားခဲ့တာဖြစ်ပါတယ်။

"မန်ချက်စတာယူနိုက်တက်လိုအသင်းနဲ့ ကစားရင် အနိုင်ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာက စိတ်ရှုပ်ဖို့တော့ ကောင်းပါတယ်၊ သူတို့မှာ ထိပ်တန်းအဆင့်ဂိုးသမားကောင်းတစ်ဦးကို ပိုင်ဆိုင်ထားပြီး တိုက်စစ်မှာလည်း ကစားသမားကောင်းတွေ အများကြီးရှိပါတယ်၊ ပေါ့ဂ်ဘာနဲ့ လူကာကူတို့က ဘယ်လိုခံစစ်မျိုးကိုမဆို ခြိမ်းခြောက်နိုင်သူတွေပါ"

"ပေါ့ဂ်ဘာကတော့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့ အရမ်းကိုဂရုစိုက်ရပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို ပြသနာအများအပြားဖြစ်လာအောင် ဖန်တီးနိုင်သူမို့လို့ပါ၊ သူတို့အတွဲ နဲ့ ပီကေးက နှစ်ကျော့စလုံးမှာ အရေးကြီးတဲ့ တွေ့ဆုံမှုတွေ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ပုံစံအမှန်အတိုင်းသာ ကစားနိုင်ခဲ့မယ်ဆိုရင် အိုးထရ်ကဖို့ဒ်မှာ ကျွန်တော်တို့ အနိုင်ရရှိနိုင်ပါတယ်" လို့ ကော်တင်ဟိုက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာကို ထွက်ခွာလာခဲ့တဲ့ ဘာစီလိုနာအသင်းလူစာရင်းမှာတော့ ဒဏ်ရာကနေ အကင်းမသေသေးတဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီလည်း ပါဝင်လာခဲ့တယ်လို့ ဆက်စပ်သတင်းများအရ သိရပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ပွဲထွက်ကစားခွင့်ရဖို့ကို ကော်တင်ဟိုက မျှော်လင့်နေပြီး ယူနိုက်တက်ကို အနိုင်ကစားဖို့လည်း ရည်ရွယ်ထားတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က