အလိုက်ပေးကမ်းလှမ်းခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးကို လျှော့ပေါ့ပေးသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့မှာ ပေါင်သန်း ၄၀ တန် ကန်ဆယ်လိုကို အလိုက်ပေးဖို့ ဂျူဗင်တပ်အသင်းကို တောင်းဆိုခဲ့တယ်လို့ Teamtalk ရဲ့သတင်းအရ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး တူရင်ကို ပြန်သွားလိုနေသူဖြစ်ပြီး ယခုနှစ်အစောပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးဖို့က ကစားသမားတိုင်းအတွက် အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဂ်ဘာအနေနဲ့ ရီးရဲမက်ဒရစ်အသင်းထက် တူရင်ကိုသာ ပြန်သွားဖို့များတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အီတလီက သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာကို ယခုနွေရာသီရဲ့ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၉.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိချိန်ကတည်းက ၎င်းရဲ့ ကစားဟန်နဲ့ ပြင်ပလူနေမှုပုံစံကြောင့် နှစ်သက်တဲ့ပရိသတ်တွေရှိသလို မနှစ်သက်တဲ့ပရိသတ်တွေလည်း ရှိနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်ကြယ်ပွင့် ၃ ဦးကို အလိုက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ Sky Sports Italia ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်ဒါရိုက်တာ ပရာတီစီဟာ လန်ဒန်ကို လာရောက်ပြီး မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံကစားသမားနေရာအတွက် ကန်ဆယ်လိုကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ရဲ့ထိပ်တန်းပစ်မှတ် ပေါ့ဂ်ဘာအတွက် အနည်းဆုံးပေါင်သန်း ၁၃၀ ရရှိလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းအနေနဲ့ ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ ကန်ဆယ်လိုကို အလိုက်ပေးကမ်းလှမ်းမယ်ဆိုရင် ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကို လျှော့ပေါ့ပေးလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။



က္က