အသင်းဖော် ရီနာတို ဆန်းချက်ရဲ့ ဆံပင်ကို နမ်းရှုတ်ခဲ့တာ ဖြစ်ပြီး ဒီလို အလားတူ လုပ်ရပ်မျိုးကို ၂၀၁၆ ခုနှစ် တုန်းကလည်း ပြုမူခဲ့တာကို ဗီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။
ရော်နယ်ဒိုရဲ့ မထင်မှတ်စရာ မှတ်တမ်းတစ်ခုကို Sky Sportsက ရိုက်ကူးခဲ့တဲ့ ရုပ်သံ ဗီဒီယိုဖိုင်တစ်ခုမှာ အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကတော့ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာ ရော်နယ်ဒိုဟာ အသင်းဖော် ရီနာတို ဆန်းချက်ရဲ့ ဆံပင်ကို နမ်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလို ဆံပင်ကို နမ်းတတ်တဲ့ အကျင့်ကတော့ ရော်နယ်ဒိုအတွက် ပထမဆုံးအကြိမ်မဟုတ်ပဲ ၂၀၁၆ ခုနှစ်က ပေါ်တူဂီအသင်း လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာလဲ ရီနာတို ဆန်းချက်ရဲ့ ဆံပင်ကိုပဲ နမ်းခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဘာကြောင့် ဆံပင်ကို နမ်းလဲဆိုတာတော့ သေချာမသိရပေမယ့် ရီနာတို ဆန်းချက်ရဲ့ ဆံပင်ကတော့ ရော်နယ်ဒို နမ်းလိုက်ချိန်တိုင်းမှာ ဒီဇိုင်း အဆန်းတစ်ခုခုကို ပုံဖော်ထားဟန်ရှိနေခဲ့တာပါ။
ဆံပင်ကို Gel နဲ့ ပုံသွင်းထားရာမှာတော့ ဆံပင်မှာ ဆေးနံ့တွေ ရှိနေမလားဆိုတာကို သိချင်ဟန်နဲ့ နမ်းရှုတ်ခဲ့ဟန် ရှိပြီး အကြောင်းကတော့သူကိုယ်တိုင်လည်း ဆံပင် စတိုင်လ်ကို အသားပေး ပြုပြင်လေ့ ရှိသူတစ်ဦး ဖြစ်တာ ကြောင့် ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကတော့ လက်ရှိမှာ ယူရို၂၀၂၀ ခြေစစ်ပွဲအဖြစ် ဆားဘီးယား၊လစ်သူယေးနီးယားအသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ပေါ်တူဂီကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု(ခ)အတွင်းမှာ ကျရောက်နေပြီး ၂ ပွဲကစားထားရမှာ ၂ ပွဲစလုံ းသရေကျထားပြီး အုပ်စုကိုတော့ ယူကရိန်းအသင်းက ၄ မှတ်နဲ့ ဦးဆောင်နေပါတယ်။