ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းနဲ့အတူ ဆုဖလား ၂လုံး ပိုင်ဆိုင်ထားပါပြီ။
Kyaw Ko Ko Sint

၂၀၁၆ ယူရိုဖလားဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကို အနိုင်ရပြီးနောက် နည်းပြ ဆန်းတို့စ်က နိုင်လို့ နိုင်မှန်းမသိ ဖြစ်နေချိန်မှာ ရော်နယ်ဒိုက နည်းပြ ဆန်းတို့စ်ထံသွားပြီး လက်သီးနဲ့ တွန်းထိုးကာ ငါတို့ နိုင်သွားပြီ လူအိုကြီးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ဥရောပဖလား ဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုက သူ့ကို ထိုးခဲ့တယ်လို့ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ထုတ်ဖော်ပြောလာခဲ့တာကို Sportskeedaကဖော်ပြလာပါတယ်။



ရော်နယ်ဒိုအတွက် ယူရို ၂၀၁၆ ဖလားပြိုင်ပွဲက ပထမဆုံး နိုင်ငံတကာ ဆုဖလားလည်း ဖြစ်ခဲ့တာကြောင့် ဗိုလ်လုပွဲမှာ အိမ်ရှင်ပြင်သစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ချိန်မှာ စိတ်လှုပ်ရှားလွန်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ပြိုင်ပွဲမှာ အသင်းဗိုလ်လုပွဲရောက်ဖို့ ၃ ဂိုးသွင်းပြီး ၃ဂိုးဖန်တီးပေးနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ မထင်မှတ်ပဲ ၁၆ မိနစ်နဲ့ ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရတာပါ။

ရော်နယ်ဒိုအနေနဲ့ ကိုယ်တိုုင်က ဒဏ်ရာရလို့ လူစားလဲခံနေရပေမယ့် ကစားဖော်တွေကို စိတ်ဓာတ်တက် ကြွစေဖို့ နည်းပြနဲ့အတူ စည်းပြင်က တွန်းအားပေးနေခဲ့သူပါ။

ပွဲအပြီး အနိုင်ရချိန်မှာတော့ နည်းပြ ဆန်းတို့စ်ထံသွားပြီး “ ငါတို့ နိုင်သွားပြီ လူအိုကြီး” လို့ အော်ကာတွန်းထိုးဂုဏ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

“ ကျွန်တော်က ဘယ်တောင်ပံမှာ လူစားလဲဖို့ လုပ်နေချိန် ရော်နယ်ဒိုက - “ ဟေးလူအိုကြီးငါတို့ နိုင်သွားပြီ” ဆိုပြီး တွန်းထိုးပြီးလာပြောခဲ့တာပါ။ ကျွန်တော်က နိုင်လို့ နိုင်မှန်းတောင် မသိခဲ့တာပါ။” လို့ နည်းပြ ဆန်းတို့ စ်က ပြောခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က