loading...

loading...

loading...

ယူရိုသန်း ၁၀၀ အထိ ရရှိမယ်လို့ မျှော်လင့်နေတာပါ။
Kg Htet

ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို ဟက်ထရစ်သွင်းယူခဲ့တဲ့ ဘင်ဖီကာကြယ်ပွင့် ဂျူအိုဖီးလစ်ကို ခေါ်ယူလိုနေတယ်လို့ သိရပြီး အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာကို ရောင်းချလိုနေတယ်လို့ ဆိုပါတယ်။

ဖရန့်ဖတ်အသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဂျူအိုဖီးလစ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သူပါ။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လက်ရှိမန်စီးတီးကြယ်ပွင့်တိုက်စစ်မှူး အဂူရိုက အသက် ၁၉ နှစ်နဲ့ ၁၂၄ ရက်အရွယ်တုန်းက ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး ဖီလစ်က အသက် ၁၉ နှစ်နဲ့ ၁၅၃ ရက်နဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်လာခဲ့ပါတယ်။

သတင်းတွေအရ ဖီလစ်ရဲ့စွမ်းဆောင်ရည်ဟာ ဂျူဗင်တပ်အသင်းအနေနဲ့ အထင်ကြီးစရာဖြစ်နေပြီး ဒီဘာလာကို ရောင်းချပြီး ဂျူအိုဖီလစ်အတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေးကို ရှာဖွေလိုနေတယ်လို့ သိရပါတယ်။ ဂျူအိုဖီလစ်ရဲ့ စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၁၂၀ ရှိနေပြီး ဂျူဗင်တပ်အသင်းက ဒီဘာလာအတွက် ယူရိုသန်း ၁၀၀ ရရှိမယ်လို့ မျှော်လင့်နေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး စီးရီးအေဖလားကို ရရှိဖို့ ကျိန်းသေသလောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဂျူဗင်တပ်အသင်းဟာ ဥရောပမှာ အောင်မြင်မှုရရှိဖို့ အာရုံစိုက်နေပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ၂ ကြိမ်အထိ ဖလားရရှိခါနီးမှာ လွဲချော်စေခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒို ပါဝင်နေမှုကြောင့် ယခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို အမှန်တကယ်ရယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာဟာ ကမ္ဘာပေါ်မှာ ပါရမီအရှိဆုံး ကစားသမားတွေထဲကတစ်ဦးဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းက ဂျူအိုဖီလစ်ဟာ အသင်းမှာ အခြေကျနိုင်မယ့် ကစားသမားလို့ ယူဆထားပြီး အသင်းရဲ့အပြောင်းအလဲကို ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က