အီတလီအသင်းအနေနဲ့အစောဆုံးခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေကောင်းနေခဲ့တာပါ။

ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ် ၆ပွဲကစားပြီးထားချိန်မှာ  ရာနှုန်းပြည့်နိုင်ပွဲရရှိထားခြင်းနဲ့အတူ ေ  ခြစစ်ပွဲ အောင်မြင်ဖို့အကောင်းဆုံးအခြေအနေရှိနေခဲ့တာပါ။

၂၀၂၀ ဥရောပဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့အီတလီအသင်းအနေနဲ့ ပွဲစဉ် ၆ တွင် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဖင်လန်အသင်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ရမှတ် ၆မှတ်အထိကွာဟ  ခဲ့ပြီဖြစ်လို့ ခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေကောင်းခဲ့ပြီဖြစ်တယ်လို့ footballitalia ကဖော်ပြလာပါ တ ယ်။

ခြေစစ်ပွဲရဲ့ အုပ်စု(ည)တွင်ပါဝင်နေခဲ့တဲ့ အီတလီအသင်းဟာ ဖင်လန်၊ အာမေးနီးယား၊ ဘော့စ်နီးယား၊  ဂရိ ၊ လီချင်စတိန်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပြီး ၆ပွဲလုံးအနိုင်ရရှိထားခြင်းနဲ့အတူ အ  မှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။



“ အကောင်းဆုံးပုံစံကို မျှော်လင့်ခဲ့တယ်။ အခက်အခဲတွေရှိခဲ့ပေမယ့် လိုအပ်တဲ့အနိုင်ရလဒ်ကိုရ ယူနို င် ခဲ့တဲ့အတွက် တကယ်ကိုကျေနပ်စရာပါ။ မျှော်လင့်ထားတဲ့အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ နီးစပ် လာခဲ့ပါ ပြီ ” လို့ အီတလီနည်းပြမန်စီနီက ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီတလီအသင်းဟာ အိမ်ကွင်းအဝေးကွင်းစနစ်အရ ခြေစစ်ပွဲ ၁၀ပွဲအထိကစားရမှာဖြစ်ပြီး လက်ရှိ ၆ပွဲ  ကစားပြီးချိန်မှာ အဆင် ၂နေရာက ဖင်လန်အသင်းကို ရမှတ် ၆မှတ်၊ အဆင့်-၃နေရာက အာမေးနီး ယား အသင်းကို ရမှတ် ၉မှတ်အထိဖြတ်ထားနိုင်ခဲ့တဲ့အတွက် လက်ကျန် ၄ပွဲမှာ ၂ပွဲအနိုင်ရရုံဖြင့် ခြေစ စ်ပွဲအောင်မြင်မှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိတဲ့အီတလီအသ င်းအနေနဲ့ အခု  နှစ်ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ တော့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်ခဲ့ပြီး၆ပွဲကစားရဂိုး  ၁၈ဂိုးသွင်းယူထားခဲ့တဲ့အတွက် ဘယ်လ်ဂျီယံ၊ စပိန်တို့ထက် တိုက်စစ်ပိုကောင်းနေခဲ့တာလည်းဖြ စ်ပါ တယ်။



က္က