ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။
Pyae Phyo Thein

ဒေါ့မွန်အတွက် ခြေစွမ်းပြနေခဲ့တဲ့ ဟာလန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါမှာ ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ အားထုတ်ခဲ့ရပါတယ်။


ဒေါ့မွန်ရဲ့ လူငယ်တိုက်စစ်မှူးဟာလန်းဟာ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဟာလန်းအနေနဲ့ အဆိုပါဒဏ်ရာကြောင့် ပွဲကစားချိန် ၇၂ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပြီး အသင်းအရေးနိမ့်နေမှုကို မကယ်တင်နိုင်ဘဲ ရှိခဲ့ကာ လာမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။ 

ဒေါ့မွန်အတွက် ခြေစွမ်းပြနေခဲ့တဲ့ ဟာလန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါမှာ ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ အားထုတ်ခဲ့ရပါတယ်။ သူ့ရဲ့ကန်သွင်းမှုတစ်ခုကို ဘိုင်ယန်နောက်ခံလူဘိုတန်တားဆီးခဲ့ရာမှာ လက်မောင်းနဲ့ထိခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခြင်းမရှိလို့ နစ်နာခဲ့ရပြီး ကျန်အချိန်တွေမှာတော့ ဟာလန်းဟာ ဂိုးရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ 

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ့မွန်နည်းပြဖာဘရီက "သူ ဘယ်လောက်ထိအနားယူရမလဲဆိုတာ ကျွန်တော်မစဉ်းစားရသေးဘူး၊ သူ ဒူးဒဏ်ရာရရှိသွားခဲ့တာပါ၊ လက်ရှိမှာတော့ သူ့အခြေအနေနဲ့ ပတ်သက်ပြီး အတိအကျမသိရသေးပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ့မွန်အနေနဲ့ ဟာလန်းသာ အနားယူရမယ်ဆိုပါက တိုက်စစ်ပို်င်းအခက်အခဲနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အားထားရတဲ့တောင်ပံကစားသမားဆန်ချိုဟာလည်း ဘွန်ဒက်လီဂါပွဲတွေပြန်လည်စတင်ချိန်မှာ ပွဲထွက်ခွင့်မရသေးဘဲ အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေရပါတယ်။ တိုက်စစ်ပိုင်းမှာ လူငယ်ကစားသမားရေနာရှိနေပေမယ့်လည်း အားကိုးရတဲ့ခြေစွမ်းမျိုးမပြသနိုင်သေးတာကြောင့် ဟာလန်းအနားယူရမယ်ဆိုရင် ဖာဘရီအတွက်တော့ ခေါင်းကိုက်စရာဖြစ်လာတော့မှာပါ။ 

ဒေါ့မွန်အတွက် ဒီရာသီမှာ ၈ ပွဲ ပွဲထွက်ကစားပေးထားပြီး ၃ပွဲလူစားဝင်ကစားပေးထားတဲ့ဟာလန်းဟာ လိဂ်ဂိုး ၁၀ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ချန်ပီယံဆုဖလားအတွက် အရေးပါတဲ့ပွဲမှာ ဘိုင်ယန်ကိုအရေးနိမ့်ခဲ့လို့လည်း ၇ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ကာ မျှော်လင့်ချက်အနည်းငယ်သာရှိတော့လို့ ဒေါ့မွန်အတွက်တော့ ဆိုးဝါးတဲ့ရှုံးပွဲဖြစ်လာခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က