ဆေးဝန်ထမ်း‌တွေကိုသူရဲကောင်း‌တွေလို့ တင်စားထားပါတယ်။

ဆေးဝန်ထမ်းတွေကို လက်မှတ် ၅၀၀၀ အခမဲ့ပေးတဲ့အပေါ် အမာခံ ပရိသတ်တွေနားလည်မယ်လို့လည်း ယုံကြည် ကြောင်းရိုးမားအသင်းက ဆိုပါတယ်။




ဘောလုံးပွဲတွေ ပြန်စကစားနိုင်လို့ ပထမဆုံးပွဲ ကစားရမယ့်ပွဲကို ကမ္ဘာနှင့်အဝှမ်းပျံ့နှံ့ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ကုသ ကာကွယ်ရေး လုပ်ငန်းစဥ်တွေမှာ လုပ်ဆောင်ခဲ့ကြတဲ့ ဆေးဝန်ထမ်း ၅၀၀၀ အတွက်အခမဲ့ လက်မှတ် စီစဥ် ပေးထားတယ်လို့ ရိုးမားအသင်းက သတင်းထုတ်ပြန်လာပါတယ်။



ကမ္ဘာနှင့်အဝှမ်း လူပေါင်း ၆၅၀၀၀၀ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၃၀၀၀၀ ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

အီတလီမှာတော့ စီးရီးအေ ပွဲတွေကို မေလ ၃ရက်နေ့မတိုင်ခင်အထိ ရပ်နားထားပြီး အီတလီက် အခြေအနေဆိုး တာအမေရိကန်ပဲ ရှိတော့တယ်လို့ သိရပါတယ်။

ရိုးမားအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ပွဲက မတ်လ ၁ရက်နေ့က ကယ်ဂလီယာရီကို ၄-၃နဲ့ အနိုင်ရခဲ့တဲ့ပွဲ ဖြစ်ပြီး ဘောလုံးရာသီပြန်စရင်တော့ အိမ်ကွင်း စတေဒီယိုအိုလံပီကိုကွင်းကြီးထဲမှာ ဆေးဝန်ထမ်းတွေ၊အသင်း ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ပြန်လည်စတင်ဖို့ စီစဥ်ထားတာပါ။

ရိုးမာအးသင်းက အသင်းပိုင် တွစ်တာကတဆင့် ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာဝန်အသီးသီးရဲ့ မိမိကိုယ် တိုင် ဓာတ်ပုံရိုက်ထားတဲ့ပုံတွေကိုစုစည်းကာ “သူရဲကောင်းတွေ”လို့ တင်စား ဂုဏ်ပြုခဲ့တာပါ။

အခုလို ဆေးဝန်ထမ်းတွေကို လက်မှတ် ၅၀၀၀ အခမဲ့ ပေးမယ့်အပေါ်မှာလည်း အသင်းရဲ့ အမာခံ ပရိသတ်တွေ အနေနဲ့ နားလည်ပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။

ရိုးမားအသင်းဥက္ကဌအနေနဲ့ရိုးမားအသင်းရဲ့ ကိုဗစ်-၁၉ ရန်ပုံငွေ အဖွဲ့အတွက် မတည်ငွေ ယူရို ၇၅၀၀၀ ထည့်ဝင် လှူဒါန်းထားပြီး လက်ရှိမှာ ယူရို ၅၃၀၀၀၀အထိ ရရှိနေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က