၃ ပတ်ခန့် အနားယူရတော့မှာပါ။

သောကြာနေ့မှာ ပီအက်စ်ဂျီနဲ့ လိုင်ယွန်တို့ရဲ့ Coupe de la Ligue ဗိုလ်လုပွဲကို ကစားဖို့ရှိနေသေးပြီး အဆိုပါပွဲကိုလည်း ဘတ်ပီက လွဲချော်ဦးမှာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီဟာ အတ္တလန္တာနဲ့ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီလို့သိရပါတယ်။ စိန့်အက်တီယန်နဲ့ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘတ်ပီဟာ ၃ ပတ်ခန့်အနားယူရတော့မယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။ 

သောကြာနေ့မှာ ပီအက်စ်ဂျီနဲ့ လိုင်ယွန်တို့ရဲ့ Coupe de la Ligue ဗိုလ်လုပွဲကို ကစားဖို့ရှိနေသေးပြီး အဆိုပါပွဲကိုလည်း ဘတ်ပီက လွဲချော်ဦးမှာဖြစ်ပါတယ်။ အတ္တလန္တာနဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်အထိ ဘတ်ပီဟာ လေ့ကျင့်ခန်းတောင်ဆင်းနိုင်မှာမဟုတ်ဘူးလို့ သိရပြီး နည်းပြတူချယ်လ်အတွက်တော့ စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။ 

ဘတ်ပီဟာ စိန့်အက်တီယန်နဲ့ပွဲမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် ချက်ချင်းဆိုသလို လူစားလဲလှယ်ခဲ့ရပါတယ်။ နေမာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရကာ ပီအက်စ်ဂျီက ဗိုလ်စွဲခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဘတ်ပီက ချိုင်းထောက်နဲ့ တက်ရောက်ခဲ့ရပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် အခုလိုအနားယူခဲ့ရတာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့က စတင်ပြီးတော့ ကျင်းပသွားမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ အတ္တလန္တာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်တောင်မှ ဘတ်ပီက ပါဝင်ဖို့အတွက် မသေမချာဖြစ်နေတယ်လို့ သိရပြီး ဒဏ်ရာသက်သာဖို့ ကြိုးစားအားထုတ်သွားရမှာဖြစ်ပါတယ်။ 



က္က