ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ်နောက်ဆုတ်လိုက်ချိန် ကစားသမား‌တွေမပါရတော့ပဲ ဖြစ်မှာ‌ကြောင့်ပါ။

၂၃နှစ်အောက်ပြိုင်ပွဲကို ၂၀၂၀ကနေ ၂၀၂၁ကို ရွှေ့ဆိုင်းလိုက်ချိန် ကစားသမားတွေအသက်တစ်နှစ်ကြီးသွားပြီး မပါဝင်နိုင်တော့မယ့်အခြေအနေကြောင့်ပါ။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်က ၂၀၂၁ကို ရွှေ့ဆိုင်းလိုက်တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသာား ဘောလုံးပြိုင်ပွဲ ကို အသက် ၂၄နှစ်အောက်ဘောလုံးပြိုင်ပွဲအဖြစ် သတ်မှတ်ပေးစေလိုတယ်လို့ ဆိုလာပါတယ်။



မူလ ၂၀၂၀ ဇူလိုင်မှာကျင်းပဖို့ စီစဥ်ထားတဲ့ အိုလံပစ်အားကစားပွဲတော်ကို ကမ္ဘာနှင့်အဝှမ်းမှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၁ကို ရွှေ့ဆိုင်းလိုက်ရတာပါ။

အိုလံပစ်မှာ ထည့်သွင်းကျင်းပတဲ့ အားကစားနည်းတွေထဲက အမျိုးသားဘောလုံးပြိုင်ပွဲကိုတော့ အသက်ကန့်သတ် ထားပြီး ၂၃နှစ်အောက်အသင်းကိုမှ အသက်ကျော်ကစားသမား၃ ဦးပါဝင်ခွင့်ရှိတဲ့ စနစ်မျိုး စီစဥ်ထားတာပါ။

“အသက် ၂၃နှစ်အောက်ပြိုင်ပွဲဖြစ်တဲ့ အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဖီဖာ၊အာရှဘောလုံးအဖွဲ့ချုပ်တို့နဲ့ ၂၄နှစ်အောက်ပြိုင်ပွဲအဖြစ် ပြောင်းလဲပေးဖို့ ဆွေးနွေးချင်ပါတယ်။အကြောင်းကတော့ ဒီနှစ်မှာ ၂၃နှစ်ထဲ ဝင်နေပြီ ဖြစ်တဲ့ကစားသမားတွေက လာမယ့်နှစ်မှာ ၂၃ကျော်သွားရင် ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ဒီနှစ်မှာ သူတို့ဟာ လည်း သူတို့ တိုင်းပြည်အတွက် ပေးဆပ်နိုင်စွမ်းရှိပါလျက် ပြိုင်ပွဲကို ရက်ရွှေ့ခံရပြီး အသက်ကျော်သွားတယ်ဆိုရင် ဒါဟာ မတရားရာကျတယ်လို့ ယူဆတဲ့အတွက်ပါ။”လို့ FFA အမှုဆောင်ချုပ် ဂျိမ်းဂျွန်ဆင်က ဆိုပါတယ်။

အသက် ၂၃နှစ်နှင့်အထက် ကစားသမားတွေဖြစ်သွားရင် လာမယ့်နှစ်အတွက် အသင်းကို အသစ်တစ်ဖန် ပြန်လည် ပြင်ဆင်ရမှာလည်း ရှိနေတာကြောင့် ပြိုင်ပွဲဝင်အသင်းအားလုံးအတွက် ပြင်ဆင်မှု တူညီစေရန်လည်း ရည်ရွယ် ကြောင်းသိရပါတယ်။

သြစတြေးလျကတော့ အမျိုးသားရော အမျိုးသမီးအသင်းပါ အိုလံပစ် ခြေစစ်ပွဲအောင်မြင်ထားတဲ့ နိုင်ငံ ဖြစ်ပါ တယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က