၂၀၁၉ နိုဝင်ဘာတုန်းက ဂျာမနီက ၂-၁ နဲ့ နိုင်ထားတာပါ။

၂၀၁၉ နိုဝင်ဘာတုန်းက အင်္ဂလန်မြေမှာ ဂျာမနီက ၂-၁နဲ့ အနိုင်ယူထားတာဖြစ်ပြီး ထိုစဥ်က ပရိသတ် ၇သောင်းကျော်ရှေ့မှာ ကစားခဲ့ရပေမယ့် အခုပွဲစဥ်ကိုတော့ ကိုဗစ်ကြောင့် ကွင်းပိတ် ကစားစေမှာပါ။

အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစမ်းပွဲအဖြစ် အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို ဂျာမနီမြေမှာ လိုက်ပါ ကစားမယ်လို့ သိရပါတယ်။



ခြေစမ်းပွဲကို လာမယ့် အောက်တိုဘာ ၂၇မှာ စီစဥ်ထားပြီး ဂျာမနီနိုင်ငံ ဝီစ်ဘာဒန်မြို့က ဘရီတာအရီနာကွင်း အတွင်း ကစားစေမှာပါ။

အင်္ဂလန်နဲ့ဂျာမနီတို့က ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလတုန်းက အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ ကစားခဲ့စဥ် ဂျာမနီအသင်းက အင်္ဂလန်အသင်းကို ပရိသတ် ၇၇၇၆၈ရဲ့ ရှေ့မှောက်မှာ အိမ်ရှင် အင်္ဂလန်ကို ၂-၁နဲ့ အနိုင်ယူထား ပါတယ်။

အခုတစ်ကြိမ် ဂျာမနီမြေ စီးချင်းမှာတော့ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကြောင့် ဘောလုံးပွဲကို ကွင်းပိတ်ကစားစေ မှာ ဖြစ်ပါတယ်။

“အင်္ဂလန်ဂျာစီကို ဝတ်ပြီး နိုင်ငံကိုယ်စားပြုဖို့ ကျွန်တော်တို့တွေ ဆာလောင်နေကြပါပြီ။အခုခြေစမ်းပွဲကတော့ ရာသီအစ အင်အားကြီး အသင်းနဲ့ ထိပ်တိုက်တွေ့နေလို့ ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။အဝေးကွင်း လည်းဖြစ်လို့ စိန်ခေါ်မှုကြီးပါတယ်။ဒါပေမယ့် ကျွန်တော့်ကစားသမားတွေကိုယ်တိုင် ဒီပွဲအတွက် စိတ်လှုပ်ရှားနေ ကြပါပြီ။”လို့ အင်္ဂလန်အမျိုးသမီးအသင်း နည်းပြချုပ် ဖီးလ်နဗီးလ်က ဆိုပါတယ်။

အခုပွဲစဥ်ကတော့ နည်းပြ နဗီးလ်အတွက် လက်ကျန် စာချုပ်သက်တမ်း ပထမဆုံးပွဲဖြစ်လာဖို့ရှိပြီး အက်ဖ်အေက နဗီးလ်နေရာမှာ နယ်သာလန်အမျိုးသမီးအသင်းနည်းပြချုပ် ဆာရီနာဝီဂ်မန်းကို အစားထိုးဖို့ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က