ဒဏ်ရာမကြာခဏရရှိတတ်ပေမယ့် အသင်းအတွက် အကျိုးရှိမယ်လိ့ု ယူဆနေပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မူလန်စတင်းက talkSPORT နဲ့ တွေ့ဆုံခဲ့မှုမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မူလန်စတင်းက ယူနိုက်တက်အနေနဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူပါက အသင်းအတွက် အကျိုးရှိမယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ မကြာခဏဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပေမယ့်လည်း ဂါရတ်ဘေးလ်က ယူနိုက်တက်အတွက် ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မူလန်စတင်းက ယုံကြည်နေတာလည်း ဖြစ်ပါတယ်။



ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရသလို အနာဂတ်မတည်မငြိမ်ဖြစ်နေသူလည်း ဖြစ်ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားကို ပြန်လည်ရောင်းချဖို့ ဇီဒန်းက ပြင်ဆင်နေသလို ယူနိုက်တက်ကလည်း အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားသွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မူလန်စတင်းက talkSPORT နဲ့ တွေ့ဆုံခဲ့မှုမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်က ယူနိုက်တက်မှာ မြင့်မားတဲ့ခြေစွမ်းမျိုး ပြသနိုင်လိမ့်မယ်လို့ မူလန်စတင်းက ယုံကြည်နေပြီး အခုလိုပဲ ပြောသွားခဲ့ပါတယ်။

"ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြောနေကြတာပါပဲ၊ ဒါပေမယ့် ဂါရတ်ဘေးလ်က သူ့ရဲ့အကောင်းဆုံးပုံစံမှာ ရှိနေသေးရဲ့လား? ၊ သူက မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရရှိတတ်တဲ့ ကစားသမားဆိုတာ အားလုံးသိထားပြီးသားပါ၊ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ဘေးလ်က ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာမှာပါ"

"သူက အင်တိုက်အားတိုက်ကစားနိုင်ပြီး လျင်မြန်မှုအပြည့်လည်း ရှိပါတယ်၊ ဂိုးဖန်တီးပေးနိုင်သလို ဂိုးလည်းသွင်းယူနိုင်ပါတယ်၊ အခုချိန်မှာတော့ သူ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာတော့ ပြောရခက်ပါတယ်" လို့ မူလန်စတင်းက ပြောခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်အတွက် (၄၂)ပွဲ ကစားခဲ့ရပေမယ့် လူစားဝင်ကစားပေးခဲ့ရတဲ့ ပွဲတွေ အများအပြားရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က