ကစားသမားသစ်ခေါ်ယူဖို့ ညှိနှိုင်းရာကနေ အဆင်မပြေမှုတွေရှိနေခဲ့တာပါ။
Win Kyaw Min

အေစီမီလန်အသင်းအမှုဆောင်အရာရှိဂါဇီဒစ်အနေနဲ့ အသင်းအားကစားဒါရိုက်တာမာလ်ဒီနီကို ရာထူး ကနေထုတ်ပယ်ပစ်ဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

အီတလီစီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ အုပ်ချုပ်တာဝန်ရှိသူ များအ ကြား အငြင်းပွားမှုအချို့ရှိနေခဲ့တယ်လို့ သတင်းထွက်ပေါ်မှုတွေရှိလာခဲ့ပြီးတဲ့နောက် အမှုဆောင်အ ရာ ရှိဂါဇီဒစ်နဲ့အားကစားဒါရိုက်တာမာလ်ဒီနီတို့အကြား အငြင်းပွားမှုတွေရှိလာခဲ့ခြင်းနဲ့အတူအေြ ပာင်း အလဲအချို့ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ dailymail က ဖော်ပြလာပါတယ်။

ဒေသခံအီတလီမီဒီယာအများစုရဲ့ ဖော်ပြချက်မှာတော့ ကစားသမားသစ်ခေါ်ယူမှုများနဲ့ပတ်သက်ပြီးအ သင်းတာဝန်ရှိသူတွေအကြားအပြန်အလှန်အငြင်းပွားများဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ညှိနှိုင်းမရတဲ့အဆုံး အခု လို ပြဿနာအချို့ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



Footballitalia ရဲ့ဖော်ပြချက်မှာတော့ အမှုဆောင်အရာရှိချုပ်အနေနဲ့ မာလ်ဒီနီရဲ့ အကြံပေးမှုအချို့ကို လက်မခံခဲ့တဲ့အပြင် ပြန်လည်ဝေဖန်တုံ့ပြန်ခဲ့တဲ့အတွက် အငြင်းပွားမှုများစတင်ဖြစ်ပွားခဲ့ တာဖြစ်တ ယ်လို့ လည်း အခိုင်အမာဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာအပြန်အလှန်ပြက်ရယ်ပြုပြောဆိုမှုများပြုလုပ်ခဲ့ပြီး မာလ်ဒီနီက “ တိကျမှန်ကန်တဲ့ကျောင်း ကို မရွေးချယ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ အရေးကြီးဆုံးဆေးရုံတစ်ခု မှာ တာဝန်ယူရမယ်ဆို ရင် ဘာဖြစ်လာနိုင်လဲ။ ဘောလုံးအသင်းလည်း ထို့နည်းလည်းကောင်းပါပဲ ” လို့ ရည်ရွယ်ချက်ပါတဲ့မှ တ်ချက်ပြုပြောဆိုမှုများပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အီတလီမီဒီယာအများစုကတော့ အမှုဆောင်အရာရှိချုပ်နဲ့ ဂန္ထဝင်ကစားသမားဟောင်းအားကစားဒါရို က်တာဖြစ်သူတို့ရဲ့ ပြဿနာကို အေစီမီလန်ပြည်တွင်းစစ်အဖြစ် တင်စားဖော်ပြမှုများရှိနေခဲ့ပြီး မာလ် ဒီနီကို ရာထူးကနေထုတ်ပယ်ဖို့အထိ အမှုဆောင်အရာရှိချုပ်က စီစဉ်နေပြီဖြစ်တယ်လို့လည်း သတင်း ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


က္က