ဒီလစ်က ပြန်လည်ပြောဆိုသွားခဲ့တာပါ။

သူတို့နှစ်ဦး စကားပြောဆိုနေမှုကို ရုပ်သံကင်မရာတွေကတဆင့် အမိအရ ရိုက်ကူးနိုင်ခဲ့ပြီး ဒီလစ်ရဲ့ ပြန်လည်ပြောဆိုမှုအရ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာဖို့ ဒီလစ်ကို မေးမြန်းခဲ့တာလို့ သိရှိခဲ့ရပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီးမှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ချင်လားလို့ ရော်နယ်ဒိုက မေးမြန်းပြောဆိုခဲ့တဲ့အကြောင်းကို ဒီလစ်က ပြန်လည်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီက နယ်သာလန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်စွဲသွားခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုနဲ့ ဒီလစ်တို့က ကွင်းအတွင်းမှာ စကားအနည်းငယ် ပြောဆိုခဲ့ကြပါတယ်။



သူတို့နှစ်ဦး စကားပြောဆိုနေမှုကို ရုပ်သံကင်မရာတွေကတဆင့် အမိအရ ရိုက်ကူးနိုင်ခဲ့ပြီး ဒီလစ်ရဲ့ ပြန်လည်ပြောဆိုမှုအရ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာဖို့ ဒီလစ်ကို မေးမြန်းခဲ့တာလို့ သိရှိခဲ့ရပါတယ်။ ဟော်လန်သတင်းဌာနတစ်ခုဖြစ်တဲ့ NOS နဲ့ တွေ့ဆုံမှုမှာ ဒီလစ်က သူတို့နှစ်ဦးပြောဆိုခဲ့တာတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ရော်နယ်ဒိုက မေးမြန်းပြောဆိုခဲ့တာလားဆိုတဲ့ မေးခွန်းကို ဒီလစ်က "အမှန်ပါပဲ၊ ကျွန်တော် ဘာဖြေရမလဲတောင်မသိပါဘူး၊ အစပိုင်းတော့ သူ ဘာကို ဆိုလိုချင်တာလဲဆိုတာ နားမလည်ခဲ့ပါဘူး၊ ဒါကြောင့်လည်း ကျွန်တော် ရယ်ခဲ့တာပါ၊ ကျွန်တော်ဘာမှမပြောခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။

"ကျွန်တော် နည်းနည်းတော့ ရှော့ခ်ဖြစ်သွားခဲ့ပါတယ်၊ အသင်းအရေးနိမ့်ခဲ့လို့ ကျွန်တော် စိတ်ပျက်နေခဲ့ရပြီး အဲဒီအချိန်မှာ အသင်းရှုံးနိမ့်ခဲ့တဲ့ အကြောင်းကိုပဲ တွေးနေမိခဲ့တာပါ၊ လောလောဆယ်တော့ ကျွန်တော် အနားယူဖို့ ခရီးထွက်မှာပါ၊ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချမှတ်သွားမှာပါ၊ လူငယ်တစ်ယောက်အတွက် ဒါက အရေးကြီးဆုံးပါပဲ" လို့ ဒီလစ်က ထပ်ပြောခဲ့ပါတယ်။

ဒီလစ်ကတော့ နွေရာသီဈေးကွက်အတွင်းမှာ အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာ၊ ယူနိုက်တက်၊ မန်စိးတီး၊ ဂျူဗီ နဲ့ ပီအက်စ်ဂျီတို့လို ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အေဂျက်ဇ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေခဲ့ပြီးနောက်မှာ ဒီလစ်ကို ရယူဖို့ ထိပ်တန်းအသင်းတွေက အပြိုင်အဆိုင်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က