နာကျင်အချိန်ပိုမှာ အသင်းရှုံးနိမ့်စေမယ့် ဂိုး ဖြစ်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ ဂျူဗင်တပ်စ်က ဦးဆောင်နေခဲ့ပေမယ့်လည်း နာပိုလီအသင်းက အဆိုပါဦးဆောင်ဂိုးတွေကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုအထိ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်ဂျူဗီက ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ ဂျူဗင်တပ်စ်က ဦးဆောင်နေခဲ့ပေမယ့်လည်း နာပိုလီအသင်းက အဆိုပါဦးဆောင်ဂိုးတွေကို ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၉၂ မိနစ်မှာတော့ နာပိုလီနောက်ခံလူ ကူလီဘလီက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီး ဂျူဗင်တပ်စ်တို့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

နာပိုလီအနေနဲ့ အံ့အားသင့်ဖွယ်ရာစွမ်းဆောင်ရည်နဲ့အတူ ပြန်လာနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမိနစ်မှာ အရှုံးပေးခဲ့ရပြီး ကူလီဘလီကလည်း သူ့ရဲ့ အမှားအယွင်းကြောင့် နာကျင်ခံစားရတယ်လိ့ု ပြောဆိုခဲ့ပြီး သူ့အမှားအတွက် ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။

ဒန်နီလို၊ ဟီဂူအင် နဲ့ ရော်နယ်ဒိုတို့က ဂျူဗင်တပ်စ်အတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ပွဲကို သက်တောင့်သက်သာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၆၀အကျော်မှာတော့ နာပိုလီက မာနိုလတ်စ်ရဲ့ ချေပဂိုးကို စတင်ရယူခဲ့ပြီး လိုဇာနို၊ ဒီလော်ရန်ဇိုတို့က နောက်ထပ်ချေပဂိုးတွေ သွင်းယူပေးခဲ့ပြီး သရေရလဒ်ထွက်ပေါ်စေဖို့ နီးစပ်ခဲ့ပေမယ့် ၉၂ မိနစ်မှာ ကူလီဘလီက ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတာဖြစ်ပါတယ်။

" ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ကျွန်တော်နာကျင်ခံစားရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မယုံကြည်ၤနိုင်စရာကောင်းတဲ့ ပြန်လာမှုမျိုးကို လုပ်ပြထားနိုင်ခဲ့ပြီးလို့ပါ၊ ကျွန်တော့်ရဲ့ သွင်းဂိုးအတွက် တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ တာဝန်ရှိပါတယ်၊ ဒါကိုလက်ခံပေးရမှာပါ၊ ကျွန်တော်တို့က သန်မာတဲ့အသင်းဆိုတာကို ပြသနိုင်ခဲ့၊ သက်သေပြနိုင်ခဲ့ပါတယ်" လို့ ကူလီဘလီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။

လက်ရှိချန်ပီယံဂျူဗင်တပ်စ်အတွက်တော့ အဖိုးတန်နိုင်ပွဲကို ရရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ခြေစွမ်းပြခဲ့တဲ့ နာပိုလီရဲ့ ကစားပုံကြောင့် သူတို့ရဲ့လက်ရှိချန်ပီယံဘွဲ့အတွက် စိုးရိမ်စရာတော့ ဖြစ်ခဲ့ရပါတယ်။ အန်ဆယ်လော့တီက သူ့အသင်းကို ကစားသမားသစ်တွေနဲ့ ပြန်လည်ပြင်ဆင်ထားပြီး စီးရီးအေဖလားကို အရယူဖို့အတွက် ပစ်မှတ်ထားလာခဲ့ပြီး ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ စွမ်းဆောင်ရည်ကောင်းနဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။



က္က