ဂျူဗင်တပ်အတွက် ဂိုးပေါင်း ၃၃ ဂိုးသွင်းပေးထားနိုင်ပါတယ်။
Kyaw Ko Ko Sint

ကစားသမားဘ၀ အလွတ်တည်ကန်ဘောကနေ ဂိုးပေါင်း ၅၄ ဂိုးထိသွင်းယူခဲ့ရာမှာ ယူနိုက်တက်အတွက် ၁၃ဂိုး၊ရီးရဲ အတွက် ၃၂ဂိုးနဲ့ပေါ်တူဂီအသင်းအတွက် ၉ ဂိုးသွင်းပေးထားနိုင်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကို စတင်ရောက်ရှိချိန်ကတည်းက ဒီကနေ့အချိန်ထိ မစွမ်းဆောင်နိုင်သေးတဲ့ အရာတစ်ခု ရှိပြီးအဲ့ဒါကတော့ အလွတ်တည်ကန်ဘောကနေ တစ်ဂိုးမှ ရယူနိုင်စွမ်းမရှိသေးတာ ဖြစ်တယ်လို့ Marca သတင်းဌာနရဲ့ စစ်တမ်းအရ သိရပါတယ်။



ဂျူဗင်တပ်ကို မနှစ်က ဘောလုံးရာသီမှာစတင်ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၅၃ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူထား နိုင်ပေမယ့် အလွတ်တည်ကန်ဘောကတော့ တစ်ဂိုးမှ မရသေးတာပါ။

အလွတ်တည်ကန်ဘောကန်သွင်းရာမှာ ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး စုစုပေါင်း အသင်းအတွက် ၂၈ ကြိမ် ကန်သွင်းခွင့်ရထားပေမယ့်တစ်ဂိုးမှ မရသေးတာလို့လည်း သိရပါတယ်။

ရော်နယ်ဒိုရဲ့ ၂၈ ကြိမ်မှာ ၇ ကြိမ်က ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့ပြီး ၁၉ ကြိမ်က လူတံတိုင်းကို မကျော်နိုင်ခဲ့ကာ ၂ ကြိမ်ကတောာ့ ဂိုးပေါက်နဲ့ အတော်လေး လွဲချော်ထားခဲ့တာပါ။



ဒါ့အပြင် ၁၈ ကိုက်စည်းအပြင်က ကန်သွင်းရယူမှုလည်း တစ်ဂိုးမှမတွေ့ရသေးဘူးလို့ Marca သတင်းဌာနက စစ်တမ်း ကောက်ယူဖော်ပြလာပါတယ်။

စီးရီးအေမှာ အလွတ်တည်ကန်ဘောကနေ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားကတော့ အန်ဒရီယာပီယာလိုနဲ့မီဟတ်ဂျ်လိုဗစ်တို့က ၂၈ ဂိုးစီနဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

အဲ့နောက် ဒယ်လ်ပီယာရိုက ၂၂ ဂိုး၊ ဘတ်ဂီယိုနဲ့တော့တီတို့က ၂၁ ဂိုးစီ၊ဇိုလာက ဂိုး ၂၀ နဲ့ လက်ရှိ ရော်နယ်ဒိုရဲ့ အသင်းဖော် ပီဂျာနစ်က ၁၅ ဂိုး အသီးသီးသွင်းယူထားကြပါတယ်။


Author


က္က