တောင်ကိုရီးယားမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ ရာသီကြို နောက်ဆုံးခြေစမ်းပွဲမှာ ရော်နယ်ဒိုအနေနဲ့ ပါဝင်ကစားဖို့ သဘောတူညီခဲ့ပြီးမှ မကစားဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
K-League All Star အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ကစားခဲ့ခြင်းမရှိပဲ အရန်ခုံမှာသာ ရှိနေခဲ့တာကို တွေ့မြင်ခဲ့ပါတယ်။ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမတိုင်မီ ဂျူဗင်တပ်နဲ့ ရော်နယ်ဒိုတို့ကြား သဘောတူညီမှုတစ်ခု ရှိခဲ့တယ်လို့ သိရပြီး အဆိုပါ သဘောတူညီထားမှုကိုတော့ နည်းပြဆာရီက ထုတ်ဖော်ပြောလာခဲ့ပါတယ်။
“ဒီပွဲမှာ ရော်နယ်ဒိုကို အနည်းဆုံး တစ်ဝက်လောက်တော့ ပါဝင်ကစားပေးဖို့ ပြောထားပါတယ်၊ ဒါပေမယ့် သဘောတူညီမှုက ပျက်ပြယ်ခဲ့ရပြီးသူလည်း အရန်ခုံကနေ ထွက်ပြီး ဘေးထွက်နေခဲ့ရပါတယ်။ ရော်နယ်ဒိုက အရမ်းပင်ပန်းနေလို့ ဝင်မကစားခဲ့တာလို့ ဆိုပါတယ်။
"သူနားဖို့ လိုတယ်လို့ ပြောပါတယ်၊ သူ ကစားဖို့ ပြင်ပါသေးတယ်၊ ဒါပေမယ့် ဘယ်လိုမှ ၁၀၀ ရာခိုင်နှုန်း မဖြစ်တာကြောင့် နောက်ဆုံးမှာ မကစားဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ဆာရီက ပွဲအပြီ းသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းအနေနဲ့ ရာသီကြို ပြင်ဆင်ဖို့ အချိန် ၁၀ ရက်လောက် ကျန်ရှိနေသေးပြီး ဒီအတောအတွင်း ပွဲမကစားပဲ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ စွမ်းဆောင်သွားမယ်လို့လည်း ဆာရီက ပြောပါတယ်။ ပရိသတ်တွေကတော့ ရော်နယ်ဒို ကစားတာ ကြည့်ချင်လို့ လက်မှတ်တွေကို ဈေးကြီးပေးပြီး ဝယ်ခဲ့ရပေမယ့် ရော်နယ်ဒို မကစားခဲ့တာကြောင့် ဆူပူခဲ့ကြတယ်လို့လည်း သိရပါတယ်။