မန်ချက်စတာယူနိုက်တက်အတွက်လည်း တံခါးဖွင့်ထားဆဲပါ။

ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ရာဘီရော့ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီမှာ ဂျူဗင်တပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း စိတ်ဝင်စားမှုပြသခဲ့တယ်လို့လည်း Corriere dello Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရာဘီရော့ဟာ လာမယ့်ဇူလိုင်လ ၁ ရက်နေ့မှာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရာဘီရော့ဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်းကို အတည်ပြုပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက်လည်း တံခါးဖွင့်ထားဆဲဖြစ်ကြောင်း Corriere dello Sport ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အီတလီကို အရမ်းနှစ်သက်ပါတယ်။ ဒီမှာနေရတာက အံ့အားသင့်စရာပါပဲ။ ခင်ဗျား အနားယူပြီး အားပြန်ဖြည့်နိုင်ပါတယ်။ တောင်းဆိုမှုများတဲ့ရာသီက ကျွန်တော့်ကို စောင့်မျှော်နေပါပြီ။ ဂျူဗီက ကျွန်တော့်ကို လာရှာပြီး စကားပြောဆိုခဲ့ပါတယ်"

"ဒါပေမယ့် ကျွန်တော် ဘာမှမပြောနိုင်သေးပါဘူး။ ဘယ်ကိုသွားရမလဲဆိုတာလည်း မသိသေးပါဘူး။ သူတို့က အရမ်းကောင်းတဲ့အသင်းပါ။ ကစားသမားကောင်းတွေ ကစားချင်တဲ့နေရာပေါ့”

“ကျွန်တော် ဆုံးဖြတ်ချက်ပြုလုပ်နေဆဲပါ။ ကျွန်တော် အခု အားလပ်ရက်မှာ အနားယူနေပါတယ်။ ခင်ဗျား မကြာမီအချိန်အတွင်း သိရမှာပါ”လို့ Corriere dello Sport ကို ပြောကြားခဲ့ပါတယ်။

ရာဘီရော့ဟာ ပီအက်စ်ဂျီလူငယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ပီအက်စ်ဂျီပထမအသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။



က္က