စီးရီးအေရဲ့ အကောင်းဆုံးပွဲတစ်ပွဲပါ။

ဒီတစ်ပတ်မှာတော့ ဥရောပထိပ်တန်းလိဂ်တွေမှာ ပွဲကြီးပွဲကောင်းတွေချည်းပါပဲ။ ချယ်လ်ဆီး နဲ့ လီဗာပူးလ်၊ ရီးရဲလ် နဲ့ အက်သလက်တီကို၊ ဂျူဗင်တပ်စ် နဲ့ နာပိုလီတို့ရဲ့ ပွဲတွေ ရှိနေခဲ့တာပါ။ စီးရီးအေမှာလည်း ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်း (၂)သင်း ထိပ်တိုက်တွေ့နေတာမို့ ဇာတ်ရှိန်အမြင့်ဆုံး ရက်သတ္တပတ်ပါပဲ။ ဂျူဗင်တပ်စ်အတွက် အကြိးမားဆုံး စမ်းသပ်မှုဖြစ်သလို ရော်နယ်ဒိုအတွက်လည်း ပထမဆုံး ပွဲကြီးပွဲကောင်းတစ်ပွဲကို မြည်းစမ်းခွင့်ရတော့မှာပါ။ ဒီပွဲရဲ့ ပွဲကြိုအနေအထား၊ အချက်အလက်တွေကို ကြည့်ပြီး ဘယ်အသင်း အသာရမလဲဆိုတာ တွက်ချက်ကြည့်ကြရအောင်။



 

နှစ်ဖက်အသင်းသတင်းများ

Photo: 90 min

 

- ဂျူဗင်တပ်စ်မှာ ဒီစီဂလီယို၊ ခီဒီရာတို့ ဒဏ်ရာရနေပါတယ်။ နာပိုလီနဲ့ပွဲကို သူတို့နှစ်ဦးလုံး သေချာပေါက်လွဲချော်ဖွယ်ရှိပါတယ်။

- ဒါ့အပြင် ပွဲပယ်ခံထားရတာကြောင့် ဒေါက်ဂလပ်စ်ကော်စတာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Photo: 90 min

- အန်ဆယ်လော့တီကတော့ အသင်းကို အလှည့်ကျလူထုတ်ပုံစနစ်နဲ့ အသက်သွင်းနေပါတယ်။

- နောက်ခံလူ ချီရီချက်စ်၊ ယိုးနက်စ်တို့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

 

အချက်အလက်များ

 

- ဂျူဗင်တပ်စ်ကတော့ စီးရီးအေ (၆)ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

- နာပိုလီကတော့ (၅)ပွဲအထိ အနိုင်ရထားပြီး (၃)မှတ်အကွာနဲ့ ဂျူဗီကို ဖိအားပေးနေတာပါ။

- နောက်ဆုံး (၆)ကြိမ် တွေ့ဆုံထားမှုမှာ တစ်သင်းကို (၃)ပွဲစီ အနိုင်ရထားပါတယ်။

Photo: 90 min

 

- သမိုင်းတစ်လျှောက် တွေ့ဆုံမှု (၄၄)ကြိမ် ရှိထားပြီး ဂျူဗင်တပ်စ်က (၂၀)ကြိမ် နိုင်ကာ၊ နာပိုလီက (၁၀)ကြိမ်နိုင်ပြီး (၁၄)ကြိမ် သရေကျထားပါတယ်။

- ပြီးခဲ့တဲ့ရာသီကတော့ အဝေးကွင်းပွဲတွေမှာ အပြန်အလှန် အနိုင်ရထားပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

Capture.JPG 

 

 

ခန့်မှန်းချက်

- ပြီးခဲ့တဲ့ရာသီက အပြန်အလှန်အနိုင်ရထားပေမယ့် ခြေစွမ်းပိုပြီး မြင့်မားတဲ့ ဂျူဗင်တပ်စ်က အခွင့်အရေး ပိုပြီးအသာစီးရနေပါတယ်။ ချန်ပီယံလိဂ်ကစားရဖို့ ရှိပေမယ့်လည်း ဂျူဗင်တပ်စ်က ယန်းဘွိုင်းနဲ့ ကစားရမှာမို့ ပွဲအနည်းငယ်ချောင်ပါတယ်။ နာပိုလီက တိုက်စစ်အစွမ်းကို ပါးမားနဲ့ပွဲမှာ ပြသခဲ့ပါတယ်။ ရော်နယ်ဒို ဂိုးတွေသွင်းနေပေမယ့် ဂိုးသွင်းခြေမမှန်သေးတာက စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ဖိဖိစီးစီးကစားမယ်ဆိုရင် ဂျူဗင်တပ်စ်တို့ နိုင်ပွဲရသွားနိုင်ပါတယ်။ ဂျူဗင်တပ်စ် ၃-၂ နာပိုလီ ဆိုတဲ့ ရလာဒ် ထွက်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က