လူစားဝင်းလာပြီး သရေတစ်မှတ် ရရှိစေမယ့် ဂိုးကို သွင်းယူပေးခဲ့တာပါ။
Pyae Phyo Thein

မနေ့က ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အတ္တလန္တာ နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒို ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ လူစားဝင်ရောက်လာခဲ့ပြီးနောက်မှာ ဂျူဗင်တပ်စ်အသင်းကို ရှုံးပွဲကြုံတွေ့ရမယ့် အရေးကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။



ပွဲအစ (၂)မိနစ်မှာပဲ အတ္တလန္တာကစာသမား ဒီဂျီစီတီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ အဝေးကွင်းမှာ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် (၂၄)မိနစ်မှာ ဇာပါတာက အတ္တလန္တာအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း (၅၆)မိနစ်မှာ သူကပဲ နောက်တစ်ဂိုး သွင်းပေးခဲ့လို့ စီးရီးအေမှာ ရှုံးပွဲမရှိသေးတဲ့ ဂျူဗင်တပ်စ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် (၆၅)မိနစ်မှာ ခီဒီရာနေရာကို ရော်နယ်ဒို ဝင်ရောက်လာခဲ့ပြီးနောက် ဂျူဗင်တပ်စ်ဟာ ချေပဂိုးရရှိဖို့အတွက် တိုက်စစ်ကို မြှင့်တင်ကစားလာခဲ့ပါတယ်။ ဒါကြောင့်လည်း (၇၈)မိနစ်မှာ ရော်နယ်ဒိုက ဂျူဗင်တပ်စ်အတွက် အဖိုးတန်သရေတစ်မှတ်ရရှိစေမယ့် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကို ပွဲပန်းနေမှုကနေ ရှောင်လွှဲဖို့အတွက် ဂျူဗီနည်းပြ အယ်လီဂရီက အနားပေးခဲ့တာ ဖြစ်ပြီး အရန်ကစားသမားအနေနဲ့သာ ရှိနေစေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်း ဂိုးရဖို့ အခက်တွေ့နေချိန်မှာတော့ ရော်နယ်ဒိုကို ကွင်းအတွင်း ဝင်ရောက်စေခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက တစ်ဂိုးသွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ စီးရီးအေသွင်းဂိုး (၁၂)ဂိုး ရရှီသွားခဲ့ပြီ ဖြစ်သလို ဂျူဗင်တပ်စ်ဟာလည်း ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အင်တာမီလန်က နာပိုလီကို ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့လို့လည်း ဂျူဗင်တပ်စ်က အမှတ်ပေးဇယားမှာ နာပိုလီကို (၉)မှတ် ဖြတ်ထားနိုင်ခဲ့ပြီးတော့ ပွဲစဉ် (၁၈)အပြီးမှာ ရှုံးပွဲမရှိ ရမှတ် (၅၀) နဲ့ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က