လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး တူရင်မှာ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ မာဆယ်လိုတို့ ပြန်လည် ဆုံဆည်းကြတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှွေ့အတွက် မူအားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး တူရင်မှာ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ မာဆယ်လိုတို့ ပြန်လည်ဆုံဆည်းကြတော့မှာ ဖြစ်ပါတယ်။
ဒီရာသီမှာ ရီးရဲလ်အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး အေဂျက်ဇ်ကို (၄-၁) နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း အရန်ခုံတန်းကနေသာ ပွဲကို ကြည့်ရှုခဲ့ရတဲ့ မာဆယ်လိုဟာ ဘရာဇီးလ်လူစာရင်းမှာလည်း ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ရီးရဲလ်နည်းပြဆိုလာရီက မာဆယ်လိုရဲ့နေရာမှာ လူငယ်ကစားသမား ရီဂွီလွန်ကို ဦးစားပေးအသုံးပြုတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မာဆယ်လိုဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့ပြိး ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ စပိန်နာမည်ကြီး သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ မာဆယ်လိုအနေနဲ့ တစ်နှစ်လုပ်ခ ယူရို (၁၂)သန်းအထိ ရရှိမယ်လို့လည်း အီတလီသတင်းဌာန တွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AS က ဖော်ပြခဲ့ပါတယ်။
မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်မှာ (၁၃)နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး အသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်တွေနဲ့ အေဂျက်ဇ်အသင်းပွဲစဉ်တွေကို လွဲချော်ခဲ့အပြီးမှာ မာဆယ်လိုက သူ့ရဲ့ အနေအထားအ
ရီးရဲလ်အသင်းအားကစားဒါရိုက်တာ ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်နဲ့ မာဆယ်လိုတို့ဟာ ချက်ချင်းဆိုသလို တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပြီးတော့ အသင်းမှာ သူ့အနေနဲ့ အခုလိုမျိုး ကစားခွင့်နည်းပါးနေမယ်ဆိုရင် အသင်းကနေ ထွက်ခွာမယ်လို့ မာဆယ်လိုဘက်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအချိန်မှာ ဂျူဗင်တပ်ဘက်က လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး မာဆယ်လို ခေါ်ယူဖို့အတွက် မူအားဖြင့် သဘောတူညီမှု ရယူသွားခဲ့တာ ဖြစ်ပါတယ်။