အနားပေးဖို့ အယ်လီဂရီက ဆုံးဖြတ်ခဲ့တာပါ။
Pyae Phyo Thein

အီတလီစီးရီးအေမှာ ပထမဆုံးအကြိမ် ကစားမယ့် ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် ဂျူဗင်တပ်စ် နဲ့ အတ္တလန္တာတို့ရဲ့ ပွဲကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ပွဲထွက်ခွင့် မရရှိတော့ဘူးလို့ သိရပါတယ်။ ဂျူဗီနည်းပြ အယ်လီဂရီက အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ဒါဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ရော်နယ်ဒိုအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ကနေ ချန်လှပ်ခံရမှုလည်း ဖြစ်လာတော့မှာပါ။



အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ရီးရဲလ်ကနေ အီတလီကလပ်ကို ပြောင်းရွှေ့လာပြီးနောက် သွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူပေးထားကာ ဂိုးသွင်းဘုရင်ဆုအတွက် ဒုတိယနေရာမှာ ရှိနေပြီး ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ခ်နဲ့ အပြိုင်အဆိုင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးရီးအေရဲ့ ပထမဆုံးအကြိမ် ဘောက်ဆင်ဒေးပွဲစဉ်နဲ့တော့ ရော်နယ်ဒို လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

"ရော်နယ်ဒိုက အရန်ခုံတန်းကနေ ကျွန်တော်နဲ့အတူ ပထမဆုံးအကြိမ် ဘောလုံးပွဲကြည့်ရှုသွားရမှာပါ၊ သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်၊ မတ်လအတွင်းမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ကျွန်တော်တို့ ရရှိဖို့ အရေးကြီးပါတယ်၊ ဒါမှလည်း ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ လိုချင်တဲ့ အနေအထားကို ရောက်အောင်သွားနိုင်မှာပါ၊ သူက ဒီအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားဆိုတာကို ဒီဘက်နှစ်တွေမှာ ပြသခဲ့ပြီးပါပြီ" လို့ အယ်လီဂရီက ပြောခဲ့ပါတယ်။

အယ်လီဂရီအနေနဲ့ ရော်နယ်ဒိုကို ပွဲပန်းမှုကနေ ရှောင်လွှဲနိုင်ဖို့ နဲ့ ကြံ့ခိုင်မှုအပြည့်အဝနဲ့ အရေးကြီးပွဲစဉ်တွေကို ကစားနိုင်ဖို့ ရည်ရွယ်ပြီး အနားပေးခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အတွက် ရော်နယ်ဒိုက အရေးကြီးကစားသမား ဖြစ်တာမို့လည်း အခုလိုမျိုး ဆုံးဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ အယ်လီဂရီက ရည်ရွယ်ပြောဆိုခဲ့ပါတယ်။

အီတလီစီးရီးအေပွဲစဉ်တွေကတော့ မကြာခင်မှာ ဆောင်းရာသီအားလပ်ရက်အဖြစ် (၃)ပတ်ကြာ ရပ်နားသွားမှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ အားလပ်ချိန်မတိုင်ခင် နောက်ဆုံးပွဲစဉ်အဖြစ် ဆမ်ဒိုရီးယားအသင်းနဲ့ စနေနေ့မှာ ထပ်မံကစားသွားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကိုတော့ ရော်နယ်ဒို ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က