ဘရာဇီးက ပီရူးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာပါ။

ဒီပုံစံက ဖာမီနိုရဲ့ Trade Mark လို့ ဆိုရလောက်အောင် လီဗာပူးအသင်းမှာမကြာခဏ မြင်တွေ့နေရတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

ဘရာဇီးက ပီရူးကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဖာမီနိုက တော့ သူ့ရဲ့ ပုံစံအတိုင်းပဲ ဂိုးပေါက်ကို မကြည့်ပဲ ကန်သွင်းပြခဲ့တဲ့အကြောင်း BBC SPORTက ဖော်ပြ လာပါတယ်။

အခုလိုမျိုး သေချာပေါက် ဂိုးကန်သွင်းခွင့် အကြိမ်တော်တော်များများကို ဖာမီနိုက သူ့ရဲ့ ပုံစံလို့ ပြောရမယ့် ဂိုးပေါက်ကို မကြည့်တော့ပဲ မျက်နှာလွှဲကန်သွင်းမှုကို လီဗာပူးအသင်းနဲ့ တွေ့မြင်ဖူးလေ့ရှိကြမှာပါ။

ဒီလို ကန်သွင်းတိုင်းမှာလည်း ဖာမီနိုအနေနဲ့ လွဲချော်ထားခြင်း မရှိသေးပဲ ယခု ပီရူးကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း သေချာပေါက် ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့်အနေအထားမှာ ဂိုးပေါက်ကို ကြည့်တော့ခြင်းမရှိပဲ မျက်နှာလွှဲပြီး ကန်သွင်းပြခဲ့ပြန်တာပါ။

ဘရာဇီးကတော့ ပီရူးကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၇မှတ်နဲ့ အုပ်စု ပထမရကာ နောက်တဆင့်ကို တက်လှမ်းသွားပါပြီ။

ကွာတားဖိုင်နယ်မှာတော့ ဘရာဇီးအနေနဲ့ အုပ်စု(ခ) (သို့)အုပ်စု(ဂ)မှ အကောင်းဆုံး တတိယရအသင်းနဲ့ တွေ့ဆုံကစားရမှာဖြစ်ပြီး ဗင်နီဇွဲလားအသင်းကတောာ့ ၅ မှတ်နဲ့ အုပ်စု ဒုတိယနေရာက နောက်တဆင့်ကို တက်ခဲ့ပါတယ်။

ပီရူးအသင်းကတော့ ၄ မှတ်သာရခဲ့လို့ အကောင်းဆုံးတတိယနေရာအတွက် လက်ကျန် အုပ်စုတွေရဲ့ အနေအထားကို စောင့်ကြည့်သွားရပါဦးမယ်။



က္က