ရာသီအဖွင့်မှာပဲ ခြေစွမ်းပြခဲ့တာပါ။
Pyae Phyo Thein

ဇလာတန်အနေနဲ့ ဟက်ထရစ်ရရှိနိုင်မယ့် အခွင့်အရေးကို ဒုတိယပိုင်းမှာ ရရှိခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် စီးရီးအေမှာ အသက်အကြီးဆုံးကစားသမားအဖြစ်နဲ့ ဟက်ထရစ်ရရှိတဲ့ စံချိန်ကိုပိုင်ဆိုင်ဖို့ ဝေးကွာခဲ့ရပါတယ်။


ဘိုလော့ဂ်နာကို အေစီမီလန်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အသက် ၃၈ နှစ်အရွယ်တ်ိုက်စစ်မှူးဇလာတန်က သူ့အနေနဲ့ အသက် ၂ဝအရွယ်သာရှိမယ်ဆိုရင် လေးဂိုးအထိသွင်းယူနိုင်ခဲ့မှာဖြစ်တယ်လို့ ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။ အေစီမီလန်ဟာ ရာသီအဖွင့်ပွဲကို အနိုင်သုံးမှတ်နဲ့စတင်နိုင်ခဲ့ပြီး ဇလာတန်က ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဇလာတန်အနေနဲ့ ဟက်ထရစ်ရရှိနိုင်မယ့် အခွင့်အရေးကို ဒုတိယပိုင်းမှာ ရရှိခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် စီးရီးအေမှာ အသက်အကြီးဆုံးကစားသမားအဖြစ်နဲ့ ဟက်ထရစ်ရရှိတဲ့ စံချိန်ကိုပိုင်ဆိုင်ဖို့ ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့် ဇလာတန်ကတော့ သူ့ခြေစွမ်းကိုကျေနပ်နေပြီး ဘင်ဂျမင်ဘက်တန်လို အသက်ကြီးရာကနေ ပြန်လည်ငယ်ရွယ်လာသူလို့ သူ့ကိုယ်သူတင်စားခဲ့ပါသေးတယ်။ 


"ကျွန်တော်တို့အနိုင်ရရှိခဲ့ပြီး ကျွန်တော်ဂိုးတွေပိုသွင်းနိုင်ခဲ့ရမှာပါ၊ တကယ်လို့ ကျွန်တော့်အသက်က ၂ဝပဲရှိနေမယ်ဆိုရင် နောက်ထပ်နှစ်ဂိုးလောက် ကျွန်တော်သွင်းနိုင်ခဲ့မှာပါ၊ ကျွန်တော်က ဘင်ဂျမင်ဘက်တန်လိုပါပဲ၊ အသက်ကြီးသူအဖြစ်နဲ့မွေးဖွားလာပြီး ငယ်ရွယ်သူအဖြစ်နဲ့ သေဆုံးမယ့်သူပါ" လို့ ဇလာတန်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အေစီအတွက် ရာသီဝက်ကစားပေးခဲ့ပြီး ဇလာတန်က သွင်းဂိုး ၁ဝဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ရာသီသစ်မှာလည်း အဖွင့်ပွဲမှာတင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြိး ခြေစွမ်းပြနိုင်ခဲ့လို့ ဇလာတန်က ကိုယ့်ကိုကိုယ်ကျေနပ်နေပေမယ့် အသင်းက တိုးတက်မှုရှိဖို့ လိုအပ်နေသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

"ရာနှုန်းပြည့်မကောင်းမွန်သေးပါဘူး၊ အမှားတွေရှိနေသေးပြီး ခဏခဏဖြစ်နေလို့မရပါဘူး၊ ရာသီအစကိုကောင်းကောင်းစနိုင်ဖို့ ဒီနေ့ပွဲကို အနိုင်ရဖို့က အရေးကြီးခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းအောင်လုပ်ပြဖို့ပါ" လို့ သူကပြောခဲ့ပါတယ်။ 


Author


က္က