ဒူဘိုင်းမှာ အနားယူဖို့ ရောက်ရှိနေတာပါ။
Pyae Phyo Thein

ဒူဘိုင်းကို အတူတကွရောက်ရှိနေကြတာဖြစ်ပြီး သက်ဆိုင်ရာအားကစားနယ်ပယ်မှာ ထင်ပေါ်ကျော်ကြားသူနျစ်ဦးက သူတို့ရဲ့အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကုန်ဆုံးနေခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ တင်းနစ်အကျော်အမော်ဂျိုကိုဗစ်ကို ဘယ်လိုခုန်ရမလဲဆိုတာကို သင်ပြပေးနေတဲ့ ဗီဒီယိုဖိုုင်တစ်ခုကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ ဂရင်းဆလမ်းချန်ပီယံဆုကို ၁၆ ကြိမ်အထိ ဆွတ်ခူးရရှိထားတဲ့ ဂျိုကိုဗစ်က နာမည်ကျော်တိုက်စစ်မှူးနဲ့ ခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။ 

ဒူဘိုင်းကို အတူတကွရောက်ရှိနေကြတာဖြစ်ပြီး သက်ဆိုင်ရာအားကစားနယ်ပယ်မှာ ထင်ပေါ်ကျော်ကြားသူနျစ်ဦးက သူတို့ရဲ့အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကုန်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကိုလည်း ရယ်မောသဘောကျနေတဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ အံ့အားသင့်ဖွယ်အမြင့်ခုန်နိုင်တဲ့ သော့ချက်ကို ဂျိုကိုဗစ်ကို ရှင်းပြပေးနေခဲ့တာဖြစ်ပါတယ်။ 

ဆမ်ဒိုးရီးယားအသင်းနဲ့ပွဲမှာ အံ့အားသင့်ဖွယ်အမြင့်ခုန်နိုင်မှုနဲ့ ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ သူ့ရဲ့ခုန်လွှားမှုကို အသေးစိတ်တွက်ချက်မှုတွေလည်းပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုက ကမ္ဘာမြေဆွဲအားကိုတောင် အချိန်အနည်းငယ်လေး ဆန့်ကျင်နိုင်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ 

"ဘယ်လိုခုန်ရမလဲဆိုတာ ဂျိုကိုဗစ်ကို သင်ပေးနေတာ၊ ကျွန်တော့်သူငယ်ချင်းနဲ့အတူ လေ့ကျင့်ခဲ့ပြီး တွေ့ဆုံရတာ တန်ဖိုးရှိခဲ့ပါတယ်" လို့ ရော်နယ်ဒိုက အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။ လက်ရှိှမှာ စီးရီးအေလိဂ်က ဆောင်းရာသီအားလပ်ချိန်အဖြစ် သတ်မှတ်ပေးထားတာဖြစ်လို့ ရော်နယ်ဒိုက ဒူဘိုင်းမှာ သွားရောက်အနားယူနေတာလည်းဖြစ်ပါတယ်။ 


က္က