လူငယ်အသင်းတစ်သင်းလို ဖြစ်နေခဲ့တယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

ဆွာရက်ဇ်က အော်ရီဂီရဲ့ နောက်ဆုံးသွင်းဂိုးနဲ့ပတ်သက်ပြီး အသင်းဖော်တွေဟာ ကျောင်းသားလေးတွေလို ဖြစ်နေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အန်ဖီးလ်မှာ အသင်းဟောင်း လီဗာပူးလ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က အသင်းဖော်တွေကို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်က အော်ရီဂီရဲ့ နောက်ဆုံးသွင်းဂိုးနဲ့ပတ်သက်ပြီး အသင်းဖော်တွေဟာ ကျောင်းသားလေးတွေလို ဖြစ်နေခဲ့တယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။



ဆွာရက်ဇ်ကတော့ ပထမအကျော့မှာ ဘာစီလိုနာအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး အောင်ပွဲခံခဲ့လို့ အသင်းဟောင်းလီဗာပူးလ်ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာတော့ ဆွာရက်ဇ်ကို လီဗာပူးလ်ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်မှုတွေ ရှိနေခဲ့ပြီး ဆွာရက်ဇ်ကိုယ်တိုင်လည်း ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး စိတ်ပျက်စရာပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ ဆွာရက်ဇ်က "ကျွန်တော်တို့ တကယ်ဝမ်းနည်းရပါတယ်၊ အရမ်းလည်းနာကျင်ရပါတယ်၊ အခုချိန်က အသင်းကို ကိုယ်တိုင်ပြန်လည်ပြီး ဝေဖန်မှုတွေ အများကြီးလုပ်ရတော့မယ့် အချိန်ပါ၊ ဒီလိုဖြစ်ခဲ့တာက ဒုတိယအကြိမ်ရှိသွားပါပြီ၊ နှစ်နှစ်ဆက်တိုက် ကျွန်တော်တို့ တူညီတဲ့အမှားတွေ ကျူးလွန်မိခဲ့ပါတယ်"

"ကျွန်တော်တို့ ဘာတွေလုပ်ခဲ့မိလဲဆိုတာကို ပြန်စဉ်းစားရတော့မှာပါ၊ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငါတို့ဘယ်လိုအမှားတွေလုပ်ခဲ့လဲဆိုတာကို ပြောရတော့မှာပါ၊ တစ်မိနစ်အတွင်းမှာ (၂)ဂိုးပေးလိုက်ရတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ သူတို့ရဲ့ စတုတ္ထဂိုးဆိုရင် ကျွန်တော်တို့က လူငယ်အသင်းတစ်သင်းလို ဖြစ်နေခဲ့ပါတယ်" လို့ ဆွာရက်ဇ်က ပြောခဲ့ကြောင်း Metro က ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာအတွက်တော့ ဒီရှုံးပွဲဟာ တော်တော်လေးနစ်နာခဲ့ရတဲ့ ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ယခင် ဥရောပချန်ပီယံပြိုင်ပွဲ/ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နောက်တစ်ကျော့မှာ ပြန်လည်အနိုင်ရခဲ့တဲ့ အသင်းဟာ (၂)သင်းသာ ရှိခဲ့ဖူးပြီး ဒီလိုရလဒ်မျိုးပေါ်ထွက်မလာခဲ့တာကလည်း (၃၅)နှစ်အထိ ရှိနေပြီဖြစ်ပြီး လီဗာပူးလ်က (၃၅)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပြန်လည်စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ


Author


က္က