၁၇ ပွဲအထိဂိုးသွင်းခဲ့ပြီး ၂၁ဂိုးအထိ ရရှိခဲ့ပါတယ်။

ဒီမာရီယာဟာ အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၃ ဂိုးစလုံးကို ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးနို်င်ခဲ့ပြီးတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ 


လိုက်ဇစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပီအက်စ်ဂျီအသင်းတက်ရောက်ခဲ့ရာမှာ တောင်ပံကစားသမားဒီမာရီယာက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒီမာရီယာဟာ အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၃ ဂိုးစလုံးကို ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းကာ ၂ကြိမ်ဖန်တီးပေးနို်င်ခဲ့ပြီးတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ 

OptaJoe ရဲ့ ဖော်ပြချက်အရ ဒီမာရီယာအနေနဲ့ သူ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁၇ ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၁၅ ပွဲနိုင်ကာ ၂ပွဲသရေကျခဲ့တယ်လို့ သိရပါတယ်။ သူ့ထက်ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းကိုပိုင်ဆိုင်သူအဖြစ် ကစားသမား ၃ဦးတည်းသာရှိနေပြီး မိုဟာမက်ဆာလာက ၁၈ပွဲ၊ ဟီဂူအင်က ၂၁ပွဲ၊ ကလွိုင်ဗတ်က ၂၅ပွဲနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ဖူးတဲ့ ဒီမာရီယာဟာ ပြင်သစ်ကလပ်ကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ရာမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာတော့ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ကာ အကောင်းဆုံးတိုက်စစ်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ 

အာဂျင်တီးနားကြယ်ပွင့်ကတော့ ပွဲအပြီးမှာ "ဒီနေ့ညတော့ အိပ်ပျော်မှာမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပြီး အသင်းနိုင်ပွဲအတွက် ပျော်ရွှင်နေခဲ့ပါတယ်။ ပီအက််စ်ဂျီကတော့ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အသင်းကို ကာတာသူဌေးတွေ ဝယ်ယူခဲ့ပြီးနောက် ဥရောပအောင်မြင်မှုကို ရယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။


ဒီနေ့မှာ ဘိုင်ယန်နဲ့လိုင်ယွန်တို့က ဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းနဲ့ ပီအက်စ်ဂျီက ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 



က္က