ကန့်သတ်မှုတွေဖြေလျှော့ပြီးနောက်မှာ ပရိသတ်တွေနဲ့ ပြန်လည်ကျင်းပသွားမှာပါ။
Pyae Phyo Thein

အဝေးကွင်းပရိသတ်တွေကိုတော့ ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာမဟုတ်ဘဲ အိမ်ကွင်းလက်ခံကျင်းပရာမြို့မှာ ကူးစက်မှုနှုန်းမြင့်မားပါက ကွင်းပိတ်ကျင်းပသွားဖို့အတွက် စီစဉ်ထားမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။


ဘွန်ဒက်လီဂါအဖွင့်ပွဲအဖြစ် မိုချန်ဂလာဘတ်နဲ့ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းဟာ ပရိသတ်အနည်းငယ်ဝင်ခွင့်ပြုကာ ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စုစုပေါင်း ပရိသတ်တစ်သောင်းအထိကို ကွင်းအတွငး်ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ စီစဉ်နေတာဖြစ်ပြီး အစိုးရခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဘွန်ဒက်လီဂါကလပ်တွေက ပရိသတ်တွေ ပြန်လည်ကြည့်ရှုခွင့့်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပြီး အစိုးရဘက်က ခွင့်ပြုချက်ပေးခဲ့တာကြောင့် အိမ်ကွင်းပရိသတ်တွေဝင်ရောက်ကြည့်ရှုနိုင်တော့မှာဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပြန်လည်ကစားခဲ့တဲ့ပွဲတွေကိုတော့ ကွင်းပိ်တ်ကျင်းပခဲ့ကြပြီး ရာသီသစ်ကို ပရိသတ်တွေနဲ့ ကစားချင်နေတာဖြစ်ပါတယ်။ 

သောကြာနေ့မှာ ပြန်လည်စတင်မယ့် ဘွန်ဒက်လီဂါရာသီသစ်ဟာ စမ်းသပ်မှုတွေအနည်းငယ်တော့ ရှိနေဦးမှာဖြစ်ပါတယ်။ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုနိုင်တဲ့ ပရိသတ်ဦးရေရဲ့ ၂၀%ကိုသာ ဝင်ခွင့်ပြုဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ဖို့၊ အရက်သေစာသောက်သုံးခွင့်ပိတ်ပင်ထားမှုတွေရှိတယ်လို့ သိရပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်စီမံရမှာဖြစ်ပါတယ်။ 

အဝေးကွင်းပရိသတ်တွေကိုတော့ ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာမဟုတ်ဘဲ အိမ်ကွင်းလက်ခံကျင်းပရာမြို့မှာ ကူးစက်မှုနှုန်းမြင့်မားပါက ကွင်းပိတ်ကျင်းပသွားဖို့အတွက် စီစဉ်ထားမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ မနေ့ကပဲ ဒေါ့မွန်အသင်းက သူတို့ရဲ့ တွစ်တာကတဆင့် ပရိသတ်တစ်သောင်းအထိ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမယ်လို့ ကြေညာသွားခဲ့ပြီးဖြစ်ပါတယ်။ 


Author


က္က