ကော်တင်ဟိုက အဆိုပါပွဲမှာ အကောင်းဆုံး ကစားသမားဆုရခဲ့ပါတယ်။
Kyaw Ko Ko Sint

ဂမ်ပါဖလားကိုတော့ ဘာစီလိုနာအသင်းက အယ်လ်ချီအသင်းကို ၁-၀နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပြီး ကော်တင်ဟိုက အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

ရာသီအဖွင့်တိုင်းမှာ နှစ်စဥ်ကျင်းပနေမြဲ ဖြစ်တဲ့ ဂမ်ပါအိုဆာကာဖလားပြိုင်ပွဲမှာတော့ ဘာစီလိုနာအသင်းက အယ် လ်ချီအသင်းကို ၁-၀နဲ့ အနိုင်ရပြီး ဆွတ်ခူးသွားပါတယ်။

အဆိုပါ ပွဲမှာတော့ အနိုင်ဂိုးကို တိုက်စစ်မှူး ဂရုဇ်မန်းက သွင်းယူသွားခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ကတော့ လူစုံတက်စုံ ထည့်သွင်းကစားခဲ့တာတွေ့ရပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားသွားရောက်ကစားခဲ့တဲ့ ကော်တင်ဟိုပွဲထွက်ပါဝင်ခဲ့ပြီး - “နူးကမ်းကွင်းထဲ ပထမဆုံး ခြေပြန်ချချိန်မှာ အရင်အချိန်တွေကို သတိရသွားခဲ့မိတယ်”လို့ ဝန်ခံဖွင့်ဟလာခဲ့ပါ တယ်။

“နူးကမ့်ကွင်းထဲမှာ တစ်ကျော့ ပြန်ကစားချင်နေပါပြီ။ရာသီသစ်ကို အကောင်းဆုံး စတင်နိုင်ဖို့ အကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ပြင်ဆင်ထားပါတယ်။တစ်ကျော့ပြန်လာချိန်မှာလည်း အသင်းနဲ့အတူ အကောင်းဆုံး ဖြစ်လာမယ် လို့လည်း ယုံကြည်ထားပါတယ်။ စိတ်ခံစားချက်ကလည်းအမြင့်ဆုံးရောက်နေပါပြီ။”လို့ ကော်တင်ဟိုက Barca tvကို ဖြေကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ကိုးလ်မန်းကလည်း ရာသီကြိုပွဲစဥ် ၃ပွဲစလုံး အနိုင်ရရှိထားပြီး အသင်းကို ပြန်ရောက်လာတဲ့ ကော်တင်ဟိုနဲ့ ပတ်သက်ပြီး‌တော့လည်း - “ သူ့ကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ထားကြပါတယ်၊သူက အင်မတန် ကြိုးစားတဲ့ ကစားသမားတစ်ဦးဖြစ်သလို အသင်းအတွက်လည်း အရေး ပါတဲ့သူပါ။”လို့ ဆိုပါသေးတယ်။



အယ်လ်ချီကို အနိုင်ရတဲ့ပွဲမှာတော့ နည်းပြ ကိုးလ်မန်းအနေနဲ့ ကစားသမားသစ် ပီယာနစ်ကိုလည်း စတင် ကစား ခွင့်ပေးခဲ့ပြီး မိနစ် ၆၃မိနစ်ခန့်မှာ ကွင်းလယ်လူ ဘက်စ်ကွက်စ်နဲ့ လူစားလဲခဲ့တာပါ။

“တကယ့် ခံစားချက်‌ကောင်းပါပဲ အသင်းနဲ့အတူ အခုလို စတင်ခွင့်ရတာ အင်မတန်ပျော်ပါတယ်။မိနစ် ၃၀သာ ကစား ခွင့်ရခဲ့ပေမယ့်လည်း အသင်းနဲ့အတူ ပိုပြီး လုပ်ဆောင်နိုင်ဖို့ ပိုပြီး လေ့ကျင့်ဖို့လိုသေးတယ်လို့ ထင်ပါတယ်။ ရာသီသစ်ပွဲတွေအတွက် မစောင့်နိုင်အောင်ပါပဲ။”လို့ ပီယာနစ်ကလည်း ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအဖွင့်ပွဲအဖြစ် လာမယ့် စက်တင်ဘာ ၂၇ရက်နေ့မှာ ဗီလာရီးရဲ အသင်းနဲ့ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က