ရော်နယ်ဒိုက ၃၅နှစ်ရှိသည့်တိုင် လိဂ် ၂၂ပွဲမှာ ၂၁ဂိုးသွင်းထားနိုင်ပါတယ်။
Kyaw Ko Ko Sint

မက်ဆီ၊ဒီဘရိုင်းနဲ့ဘတ်ပေတို့ကို ရွေးချယ်ထားပြီး ဘလွန်းဒီအော ၅ဆုရှင် ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာပါ။

မန်စီးတီးအသင်းက ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်ရွေးချယ်ခဲ့တဲ့ ကမ္ဘာထိပ်ဆုံး ကစားသမား ၃ ဦး စာရင်းကတော့ လီယွန်နယ်မက်ဆီ၊ကီဗင်ဒီဘရိုင်းနဲ့ကိုင်လီဘတ်ပေတို့ ဖြစ်ပါတယ်။

မက်ဆီကတော့ ဘလွန်းဒီအောဆုကို ၆ ကြိမ်နဲ့ အကြိမ်အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ကစားသမားဖြစ်ပြီး ဂန်ဒိုဂန် ရွေးချယ်ခဲ့တဲ့ ထိပ်ဆုံး ၃ ဦးစာရင်းမှာတေ့ ၅ဆုရှင် ရော်နယ်ဒို ကျန်ရစ်ခဲ့တာတွေ့ရပါတယ်။

ရော်နယ်ဒိုအနေနဲ့လက်ရှိ အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ဒီရာသီ စီးရီးအေ ၂၂ ပွဲမှာ ၂၁ဂိုးထိသွင်းယူထားနိုင်သလို နည်းပြဆာရီရဲ့ ဂျူဗင်တပ်အသင်းကို ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင်တိုက်ပွဲဝင်ပေးသူပါ။

ဒါပေမယ့်လည်း ဂျာမနီ လက်ရွေးစင်ကတော့ မက်ဆီသာလျှင် အားလုံးရဲ့ အတုယူစရာဖြစ်ပြီး သူနဲ့အတူ ဒီဘရိုင်း နဲ့ ဘတ်ပေတို့သာ ထိပ်ဆုံး ၃ ဦးစာရင်းဝင်သင့်တယ်လို့ လက်ကိုင်ထားသူပါ။

ဒီစာရင်းကိုတော့ ဂန်ဒိုဂန်က သူ့ရဲ့ တွစ်တာက တဆင့် အမေးအဖြေ ကဏ္ဍမှာ ထည့်သွင်းဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ဂန်ဒိုဂန်က အသင်းဖော် နိုင်ငံတူ ကစားသမားဆာနေးကိုလည်း အီတီဟတ်ရဲ့ အနာ ဂတ်လို့ထုတ်ဖော်ပြောခဲ့ပေမယ့် ဆာနေးကတော့ ဘိုင်ယန်ကို သွားဖို့ ချိတ်ဆက်နေသူပါ။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းလုံးက အားကစားပွဲတွေ အကုန်လုံးနီးပါး ရပ်နားထားရ သလို ဖြစ်နေပြီး ရော်နယ်ဒိုရဲ့ ၂၀၁၆ ယူရိုချန်ပီယံ ပေါ်တူဂီအသင်းလည်း ဒီနှစ်ထဲမှာ ချန်ပီယံကာကွယ်ပွဲ မရှိ တော့ပါဘူး။


က္က