နာမည်ကျော်ကစားသမားတွေ အများစု ပါဝင်ခဲ့ပါတယ်။

ဒီဆုကို ရရှိခဲ့ဖူးတဲ့ ကစားသမားတွေစာရင်းမှာ လီယွန်နယ်မက်ဆီ၊ ပေါ့ဂ်ဘာ၊ ဘတ်ပီတို့လို ကစားသမားတွေ ပါဝင်ခဲ့လို့ အရှိန်အဝါကြီးမားတဲ့ ဆုတစ်ခုလည်းဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်ရဲ့ Golden Boy ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း အယောက် ၂၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ၂၀၁၈ ခုနှစ်ဆုရှင် ဒီလစ်ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒီလစ်အနေနဲ့ နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒီဆုကို နှစ်နှစ်ဆက်တိုက်ရရှိမယ့် ပထမဆုံးကစားသမားဖြစ်လာမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

အီတလီသတင်းစာ Tuttosport က ပေးအပ်ချီးမြှင့်နေတဲ့ ဆုဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်များက အသက် ၂၁နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ ဒီဆုကို ရရှိခဲ့ဖူးတဲ့ ကစားသမားတွေစာရင်းမှာ လီယွန်နယ်မက်ဆီ၊ ပေါ့ဂ်ဘာ၊ ဘတ်ပီတို့လို ကစားသမားတွေ ပါဝင်ခဲ့လို့ အရှိန်အဝါကြီးမားတဲ့ ဆုတစ်ခုလည်းဖြစ်ပါတယ်။

နောက်ဆုံးဆန်ခါတင်စာရင်းမှာတော့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချို၊ မန်စီးတီးကြယ်ပွင့် ဖိုဒန်၊ ဘာစီလိုနာက အန်ဆူဖာတီ၊ အေစီမီလန်က ဒွန်နာရမ်မာနဲ့ လေဗာကူဆင်က ကိုင်ဟာဗာ့ဇ်တို့လို ကစားသမားတွေလည်း ပါဝင်လာခဲ့ကြပါတယ်။ ဒီဆုကိုတော့ အွန်လိုင်းကတဆင့် မဲပေးရွေးချယ်ကြမှာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဆုရရှိသူကို ကြေညာသွားမှာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား (၂၀) ဦးကတော့ - ဒွန်နာရမ်မာ(အေစီ)၊ ဒီလစ် (ဂျူဗင်တပ်စ်)၊ အယ်ဖွန်ဆိုဒေးဗီးစ် (ဘိုင်ယန်)၊ အန်ဆူဖာတီ(ဘာစီလိုနာ)၊ ဖိုဒန် (မန်စီးတီး)၊ ဂွမ်ဒူဇီ(အာဆင်နယ်)၊ ဟာလန်း(ဆဲလ်ဇ်ဘာ့ဂျ်)၊ ဟာဗာ့ဇ်(လေဗာကူဆင်)၊ ဂျာအိုဖီးလစ် (အက်သလက်တီကို)၊ ဂျိုဗစ်ဂျစ်(ဖရန့်ဖတ်)၊ မွိုက်ကီးန်စ် (အဲဗာတန်)၊ လီကောင်အင်(ဗလန်စီယာ)၊ မာလန်း(PSV)၊ မေဆန်မောင့် (ချယ်လ်ဆီး)၊ လူနင်(ဗယ်လာဒိုလစ်)၊ ရိုဒရိုင်ဂို (ရီးရဲလ်)၊ ဆန်ချို (ဒေါ့မွန်)၊ ဖာရန်တောရက်စ် (ဗလန်စီယာ)၊ ဗင်နီရှပ်(ရီးရဲလ်)၊ ဇာနီအိုလို(ရိုးမား)တို့ဖြစ်ပါတယ်။



က္က