အီတလီသတင်းဌာန Tuttosport က ပေးအပ်ချီးမြှင့်နေတာပါ။
Pyae Phyo Thein

တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ နာမည်ကျော်လူငယ်ကြယ်ပွင့်အားလုံးနီးပါး ပါဝင်လာခဲ့ပါတယ်။ 


အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ TuttoSport က စီစဉ်ပြီး ပေးအပ်ချီးမြှင့်နေတဲ့ Golden Boy ဆုအတွက် လူငယ်ကစားသမားအယောက် ၁၀၀ ရဲ့ ဆန်ခါတင်စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ နာမည်ကျော်လူငယ်ကြယ်ပွင့်အားလုံးနီးပါး ပါဝင်လာခဲ့ပါတယ်။ 

အဆိုပါအယောက် ၁၀၀ စာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၂၁ဦးအထိ ပါဝင်နေခဲ့ပြီး အများဆုံးအရေအတွက်လည်း ဖြစ်နေခဲ့ပါတယ်။ လူငယ်ကစားသမားတွေအတွက်တော့ မက်မောဖွယ်ရာဆုတစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားမှုရှိတယ်လို့ ယူဆရတဲ့ Golden Boy ဆုကို ၂၀၀၃ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီဆုကို စတင်ချီးမြှင့်ခဲ့စဉ်မှာ ပထမဆုံးအနေနဲ့ နာမည်ကျော်ဟော်လန်ကစားသမားဟောင်း ဗန်ဒါဗတ်က ဆွတ်ခူးနိုင်ခဲ့ပြီးတော့ နောက်ဆုံးအကြိမ်အဖြစ် ဂျူဗင်တပ်စ်နောက်ခံလူဒီလစ်က ရရှိထားခဲ့ပါတယ်။ ၀ိန်းရွန်နီ၊ မက်ဆီ၊ ဖာဘရီဂတ်စ်၊ အဂူရို၊ ပေါ့ဂ်ဘာ၊ တာလင်၊ မာရှယ်၊ ဘာပေတို့လို ကစားသမားတွေလည်း ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။ 

အခုထုတ်ပြန်ခဲ့တဲ့ အယောက် ၁၀၀ စာရင်းမှာတော့ မက်စ်အာရွန်၊ အမ်ပါဒူ၊ အိန်ဂျယ်ဂိုမက်စ်၊ ကာမာဗင်ဂါ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အက်စ်ပိုစီတို၊ အန်ဆူဖာတီ၊ ဖီးလ်ဖိုဒန်၊ ဂျိမ်းစ်ဂါနာ၊ ဘီလီဂေမွာ၊ ဂရင်းဝုဒ်၊ ဟာလန်း၊ အိုဒွိုင်၊ ကာတစ်ဂျုံးစ်၊ ကူဘို၊ မာတင်နယ်လီ၊ အိုဘာဖီမီ၊ နက်တို၊ ရိုဒရိုင်ဂို၊ ဆာကာ၊ ဆာလီဘာ၊ ဆန်ချို၊ ဆက်ဆက်နွန်၊ တိုနာလီ၊ ဗင်နီရှပ်စ် အစရှိတဲ့ လူငယ်ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ 


Author


က္က