ယူနိုက်တက်ခြေစွမ်းကတော့ တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ယန်းဘွိုင်းကတောင် အသင်းကြိးတစ်သင်းပုံစံနဲ့ကစားကာ ဖိအားပေးခဲ့ပြီး ဆိုးလ်ရှားကို ပညာပေးခဲ့ပါတယ်။


ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ဆွစ်ဇာလန်မြေပေါ်မှာ ယန်းဘွိုင်းကို အရှက်ရဖွယ်အရေးနိမ့်သွားခဲ့ပါတယ်။ လူစုံတက်စုံပွဲထွက်လာပြီး ကစားခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ စုတ်ပြတ်နုံချာခဲ့ပြီး စိတ်ပျက်ဖွယ်ရာပုံစံကိုသာ ပြသသွားခဲ့ကာ ပရိသတ်တွေအတွက်တော့ ရော်နယ်ဒို ဂိုးသွင်းယူခဲ့မှုနဲ့သာ ကျေနပ်ခဲ့ရပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတဲ့ ည ဖြစ်ခဲ့ရပါတယ်။


ပွဲချိန် ၁၃ မိနစ်မှာ ရော်နယ်ဒိုက အဖွင့်ဂိုးကို ဖာနန်ဒက်စ်ရဲ့ လှပတဲ့ဖန်တိးပေးမှုကနေ သွင်းယူပေးခဲ့ပါတယ်။ ဂိုးသမားပေါင်ကြားထဲကဝင်ကာ ဂိုးစည်းကျော်သွားခဲ့လို့ အဖွင့်ဂိုးရရှိခဲ့တာပါတယ်။ ဒါပေမယ့် ယူနိုက်တက်ခြေစွမ်းကတော့ တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ယန်းဘွိုင်းကတောင် အသင်းကြိးတစ်သင်းပုံစံနဲ့ကစားကာ ဖိအားပေးခဲ့ပြီး ဆိုးလ်ရှားကို ပညာပေးခဲ့ပါတယ်။

ဘစ််စ်ကာအနီကတ်ပြထုတ်ပယ်ခံရချိန်မှာတော့ ယူနိုက်တက်ကစားပုံက ပိုမိုဆိုးရွားသွားခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ လူစားလဲပုံအားနည်းချက်တွေလည်း ပေါ်လွင်လာခဲ့ပါတယ်။ ဆန်ချိုကိုထုတ်ပြီး ဒါလော့ကို ထည့်သွင်းခဲ့တဲ့ ယူနိုက်တက်ဟာ ပထမပိုင်းကို ရော်နယ်ဒိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဗန်ဒီဘိခ်နေရာ ဗာရန်းကို ထပ်မံလူစားလဲပြီး ဆိုးလ်ရှားက အသင်းကို ပြင်ဆင်လာခဲ့ပါတယ်။ 

ယန်းဘွိုင်းကတော့ ဆက်တိုက်ဖိကစားနေခဲ့ပြီးနောက် ချေပဂိုးရအောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ကိုပါ ထုတ်ပြီး ဆိုးလ်ရှားက လင်ဂတ်၊ မာတစ်တို့ကို ထပ်မံထည့်သွင်းခဲ့ပါတယ်။ နောက်ခံလူ ၅ဦး၊ ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ မာတစ်၊ ဖရက်ဒ်၊ လင်ဂတ်တို့သာ ရှိနေတော့ပြီး ဆွစ်ဇာလန်ကလပ်က စိတ်ကြိုက်ဖိကစားနေခဲ့ပါတယ်။


ပွဲချိန်နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာတော့ လင်ဂတ်ရဲ့ ဆိုးဝါးလှတဲ့ နောက်ပြန်ပေးမှုနေ ယန်းဘွိုင်းကစားသမားက ဘောလုံးရသွားခဲ့ပြီး အဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းကို နည်းစနစ်ဧရိယာထဲကနေ ညွှန်ကြားမှုတွေပေးပြီး ကူညီပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဆိုးလ်ရှားရဲ့ ကြိုတင်ပြင်ဆင်ထားမှုမရှိတဲ့ ဗျူဟာ၊ ဆိုးရွားတဲ့လူစားလဲပုံတွေက စိတ်ပျက်ဖွယ်အတိဖြစ်ခဲ့ပြီး ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ 



က္က