မြန်မာနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူ ယိုရှီဒါအတွက် နိုင်ငံအသင်းနဲ့အတူ ပွဲ၁၀၀ မြောက် ပါဝင်ကစားဖို့ ၂ ပွဲသာ လိုတော့တာကြောင့် လာမယ့် အောက်တိုဘာမှာ ကစားမယ့် ၂ ပွဲမှာ အရွေးချယ်ခံရဖို့ လိုအပ်နေပါတယ်။

ပထမပိုင်းမှာ နာကာဂျီမာနဲ့မီနာမီနိုတို့ သွင်းယူခဲ့တဲ့သွင်းဂိုး ၂ ဂိုးထဲနဲ့ ဂျပန်အသင်းက မြန်မာအသင်းကို အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပထမဆုံးပွဲကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။



အာရှ ချန်ပီယံ ၄ ကြိမ် အထိ ဖြစ်ထားဖူးတဲ့ ဂျပန်အသင်းအတွက် ၂၅ နှစ်ဆက်တိုက် နောက်ဆုံး အဆင့်ကို ဝင်ခွင့်ရထားတဲ့အသင်းဖြစ်ပေမယ့် လက်ရှိမှာတော့ အုပ်စုတွင်းမှာ အဆင့် ၂နေရာသာ ရပ်တည် နေပါသေး တယ်။



ဒါကလည်း တာဂျစ်ကစ္စတန်အသင်းက တစ်ပွဲပိုကစားထားလို့ ဖြစ်ပြီး လာမယ့် အောာက်တိုဘာလထဲမှာတော့ မွန်ဂိုလီးယား၊တာဂျစ်ကစ္စတန်အသင်းတွေနဲ့ ဆက်လက်ကစားရဖို့ ရှိနေပါတယ်။

မနေ့က မြန်မာအသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားတဲ့ ဆောက်သမ် တန် နောက်ခံလူ ယိုရှီဒါကတော့ ဂျပန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၉၈ ပွဲတိတိ ကစားပေးထားနိုင်ပြီ ဖြစ်တယ်လို့ SFC Mediaက ဖော်ပြလာပါတယ်။

မြန်မာအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ဂျပန်အသင်းရဲ့ ခံစစ်ကို အကောင်းဆုံး ဦးဆောင်ပြီး မြန်မာတိုက်စစ်မှူးတွေကို အလွတ်မပေးပဲ အမြင့်ဘောတွေကို ဒိုင်ခံ ရှင်းထုတ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာမှာ ကစားဖို့ရှိတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲဒုတိအဆင့်အတွက် ထပ်မံ အရွေးချယ်ခံရမယ်ဆိုရင်တော့ ယိုရှိဒါအတွက် ပွဲ ၁၀၀ ပြည့်မြောက်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင် သွားပြီလည်း ဖြစ်ပါတယ်။

ယိုရှီဒါကတော့ လက်ရှိမှာ ဆောက်သမ်တန်အသင်းရဲ့ ကစားသမားအဖြစ် ရှိနေပြီး လာမယ့်အောက်တိုဘာမှာ ပြန်ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ဆက်လက်ပါဝင်နိုင်ဖို့ ဒဏ်ရာကင်းစင်ပြီး ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ဖို့ လိုအပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က