ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပါ။

၂၀၂၁ရာသီမှာ ဂျေလိဂ်၁နဲ့၂ကို ၂သင်းစီတိုးမြင့်ကစားသွားမှာ ဖြစ်ပေမယ့် ၂၀၂၁ ရာသီသိမ်းရင်တော့ တန်းဆင်းအသင်း ၄သင်းထိရှိမှာပါ။

ကျင်းပလျက်ရှိတဲ့ ၂၀၂၀ ဂျေလိဂ်ပြိုင်ပွဲတွေမှာ တန်းဆင်းအသင်းမရှိပဲ တန်းတက်အသင်းတွေတော့ တန်းတက် ကစားစေမယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာပဲ ထုတ်ပြန်လာပါတယ်။



ဒီဆုံးဖြတ်ချက်ကိုတော့ ဂျေလိဂ်ရဲ့ အမှုဆောင်အစည်းအဝေးမှာ ကလပ်အသင်း ၅၆သင်းရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချခဲ့တာလို့လည်း သိရပါတယ်။

ဂျေလိဂ်ကိုတော့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ကတည်းက ပထမဆုံးလိဂ်ပွဲစဥ် ကစားအပြီးမှာပဲ ရပ်နားထားတာ ဖြစ်ပါတယ်။

“အခုဆုံးဖြတ်ချက်က မျှတချင်မှ မျှတပါလိမ့်မယ်၊ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကို ရှေ့ဆက်ချင်ပါတယ်။အချို့ အသင်းတွေက ကစားနိုင်ပေမယ့် အခြေအနေအရ ကစားဖို့ မသင့်တဲ့ အခြေအနေပါ၊အချို့အသင်းတွေကလည်း ကွင်းပိတ် ကစားချင်ကြတာရှိပါတယ်။လာမယ့် အိုလံပစ်(သို့)နိုင်ငံတကာပွဲကာလတွေမှာ ကစားရရင်တော့ လက်ရွေး စင်တွေကိုတော့ ကလပ်အသင်းတွေ စွန့်လွှတ်ရပါလိမ့်မယ်၊အဲ့အချိန်ကျရင်တော့ လူငယ်အသင်းက ကစားသမားတွေ ကိုခေါ်ယူအားဖြည့်နိုင်ပါလိမ့်မယ်။”လို့ဂျေလိဂ်ဥက္ကဌက ပြောခဲ့ပါတယ်။

တန်းဆင်းစနစ်မရှိပဲ တန်းတက်စနစ်သာရှိလို့ ဂျေလိဂ်-၃က အသင်းက ၂ကို တန်းတက်နိုင်ပြီး ၂က အသင်းက ၁ ကို တန်းတက်နိုင်မှာပါ။

ဒါကြောင့် ၂၀၂၁မှာတော့ ဂျေလိဂ်၁နဲ့၂မှာ ၂သင်းစီ တိုးမြင့်ပါဝင်ကစားစေမှာဖြစ်ပြီး ရာသီသိမ်းရင်တော့ ၄သင်းစီ တန်းပြန်ဆင်းရမှာလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က