အက်သလက််တီကိုမှာ လက်တွဲခဲ့ကြသူတွေပါ။
Pyae Phyo Thein

ဂရစ်မန်းကတော့ ဆီမြွန်နီလက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြသခဲ့သူဖြစ်ပြီး အက်သလက်တီကိုရဲ့ အဓိကကစားသမားဖြစ်ခဲ့ပါတယ်။


ဘာစီလိုနာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဂရစ်မန်းရင်ဆို်င်နေရတဲ့ ပြသနာတွေနဲ့ပတ်သက်ပြီး အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီကို မေးမြန်းခဲ့ရာမှာတော့ ပြောစရာစကားလုံးမရှိဘူးလို့ တစ်ခွန်းတည်းပြတ်ပြတ်သားသားပြောဆိုသွားခဲ့ပါတယ်။ 

ဂရစ်မန်းဟာ အသင်းဟောင်းနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရပြီး ပွဲကစားချိန်မိနစ် ၉၀ မှာမှ လူစားလဲဝင်ရောက်ခဲ့ရတာဖြစ်ပါတယ်။ အသင်းမှာခြေစွမ်းမပြနိုင်တဲ့အပြင် အသင်းဖော်တွေနဲ့ ဆက်ဆံရေးဆိုးရွားမှုတွေရှိနေတယ်လို့လည်း သတင်းတွေထွက်နေခဲ့ပြီး နည်းပြဆက်တီယန်ကိုယ်တိုင်ကလည်း ဂရစ်မန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ စိတ်ခံစားချက်က ဆိုးရွားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ ဂရစ်မန်းရဲ့ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အပေါ် ဘယ်လိုသဘောထားရှိလဲလို့ စပိန်သတင်းဌာန Movistar ကမေးမြန်းခဲ့ရာမှာ ဆီမြွန်နီက "ပြောစရာစကားလုံးမရှိဘူး" (No wrods) လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းကတော့ ဆီမြွန်နီလက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြသခဲ့သူဖြစ်ပြီး အက်သလက်တီကိုရဲ့ အဓိကကစားသမားဖြစ်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့မှုနဲ့ပတ်သက်ကာ မက်ဆီကိုယ်တိုင်ကလည်း မနှစ်မသက်ဖြစ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ဂရစ်မန်းဟာ အသင်းဖော်တွေနဲ့ အစေးကပ်မှုမရှိဘဲ တစ်ဦးတည်းကစားနေရသလိုဖြစ်နေခဲ့ကာ ခြေစွမ်းပြနိုင်ဖို့ကို ရုန်းကန်နေရပြီး သွင်းဂိုး ၁၄ဂိုးသာ ရရှိထားခဲ့ပါတယ်။ 

နည်းပြဆက်တီယန်က "မတည်ငြိမ်တဲ့အခြေအနေမျိုးမှာ သူ့ကိုထည့်ကစားဖို့က မဖြစ်နိုင်ပါဘူး၊ အချိန်နည်းနည်းလေးပဲ ကျန်တဲ့အချိန်မှာ သူ ဝင်ကစားရတာ ခက်ခဲမယ်လို့ ကျွန်တော်သိပါတယ်၊ မနက်ဖြန်မှာ သူနဲ့စကားပြောသွားမှာပါ၊ ဒီအတွက်တော့ စိတ်မကောင်းဘူးလို့ပြောမှာမဟုတ်ပါဘူး၊ ဒါက ဆုံးဖြတ်ချက်ပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော့်ခံစားချက်က ဆိုးရွားကောင်းဆိုးရွားနိုင်ပါတယ်၊ သူလည်း ဒီလိုပဲဖြစ်နိုင်ပါတယ်" လို့ ဆက်တီယန်က ပြောဆိုခဲ့ပါတယ်။ 


Author


က္က