နူးကမ့်ကို ပြန်လာချင်တယ်လို့ ပြောကြားထားသူဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို လွန်ခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့သွားခဲ့တဲ့နေမာကို ပြန်လည်ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့ကြောင်း Sportsmole ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မကြာခဏ စပိန်ကို ပြန်လာလိုနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။



ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီမှာ နေမာအတွက် ကြီးမားတဲ့ကမ်းလှမ်းမှုမျိုး ရရှိလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းဟာ နေမာနဲ့ ပြန်လည်ဆုံစည်းဖို့အတွက် တရားဝင်ချဉ်းကပ်မှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

El Mundo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ယခုနွေရာသီမှာ အသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းထက် နေမာနဲ့သာ ပြန်တွဲကစားလိုတယ်လို့ အသင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ဆက်လက်ကစားပေးလိုခြင်းမရှိတော့ဘဲ နူးကမ့်ကိုသာ ပြန်သွားချင်ကြောင်း အသင်းကို ပြောကြားခဲ့တယ်လို့ Daily Mail က ယနေ့မှာ ဖော်ပြခဲ့ပြီးနောက် မက်ဆီက နေမာကို ပြန်လည်ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းနဲ့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ Express က ဖော်ပြခဲ့ပြီး မက်ဆီက ပီအက်စ်ဂျီအသင်းအနေနဲ့ နေမာကို ထွက်ခွာခွင့်ပေးမှာသေချာတယ်ဆိုရင် ပီအက်စ်ဂျီအသင်းကို ကမ်းလှမ်းမှု ပြုလုပ်စေချင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က